သီပေါမြို့နယ် ပန်စောက်ရွာအနီး အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
သီပေါ | မားနဂါး ။
စက်တင်ဘာလ ၂၈နေ့ နေ့လည် (၂း၃၀)နာရီခန့်မှာ သီပေါမြို့နယ် ပန်စောက်ကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးနဘေးမှာ သေနတ်ဒဏ်ရာနဲ့ သေးဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးနေတဲ့ အမျိုးသားရဲ့ ဝဲဘက်မေးစေ့မှာ သေနတ်ဒဏ်ရာ တွေ့ရှိရတယ်လို့ သက်ဆိုင်ရာ မြို့နယ် ဆေးရုံထံ ပို့ဆောင်သယ်ယူရေး ကူညီခဲ့တဲ့ နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးကတစ်ဆင့် သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သွားရောက်သယ်ယူကာ သက်ဆိုင်ရာ မြို့နယ်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက
"ဖုန်းဆက်အကြောင်းကြားလာလို့ အဲဒီသေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို သယ်ယူပြီး လားရှိုး ပြည်သူ့ ဆေးရုံကို ပို့ပေးတယ်၊အမျိုးသားက ဝဲဘက်မေးစေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံး နေတာဖြစ်တယ်" လို့ မားန ဂါးကို ပြောပါတယ်။
သီပေါလူငယ် လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ နယ်စည်းမခြားပရဟိတ(သီပေါ)တို့ကသွားရောက်ကူညီပေးခဲ့ကြပြီး သေဆုံးနေတဲ့ရုပ်အလောင်းကိုလားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ရက် နေ့ကလည်း သီပေါမြို့နယ် ကုံးမုံကျေးရွာအနီး သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ရုပ်အလောင်း (၃)လောင်းကို တွေ့ရှိခဲ့တာတွေ ရှိခဲ့ပါတယ်။
၂၀၂ဝပြည့်နှစ်ထဲမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးမှု ဖြစ်စဉ်တွေမှာ တရားခံမပေါ်တဲ့ လူသတ်ခံရ မှုဖြစ်စဉ်တွေက ဇန်နဝါရီလ၁၁ရက်နေ့က၂ဦး၊ ဇန်နဝါရီလ၂၄ရက် နေ့က ၃ဦး၊ဧပြီလ၉ရက်နေ့က၅ဦး၊ သြဂုတ်လ၂၄ရက်နေ့က ၃ဦး ၊ စက်တင်ဘာလ၂၇ ရက်နေ့က ၁ဦးနဲ့ အတူ စက်တင်ဘာလ ၂၈ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသေမှု ဖြစ်စဉ် ၁ဦးရှိခဲ့တဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၁၅ဦး ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/3867263323302864?__xts__%5B0%5D=68.ARDAzaJrZAo6xr45sN8mBB5N-cjKEyLCTOp8ovgTCQrr7tKSn65Q1JTDiU1FP5dxJwvL6g64YT-t78L9Nebf90biXsfjPw1YTPHXs9Xy5RfJslnRom2UZ4DXKi5zG0vpG2TSp2cbdK1mlz22YesVEjOEspt1dzAsceUnEPpvQ73lUjtLnmcGH03MI6eETZJB5sg6xA8vmq9ZNLgv4BJbLCrczTYX2-DaV5D7DcEPTDkEN3KW_eT3ymmdNkk7DQVlfV4NLgadsVJ5c7pC-Ov07tLITZT5ifa6IHNBoMpkJChzQEQnDy4xeSrG8IyneqW1Ica1xgO-uAp6B5sRoiZIi0SW6Q&__tn__=-R
No comments:
Post a Comment