လူသစ်စုဆောင်းတာကြောင့် ဒေသခံ (၂ဝဝ)ကျော် မန်ဆူကျောင်းဘက် တိမ်းရှောင်လာ
သတင်းဓာတ်ပုံ
ရွှေဖီမြေ၊ စက်တင်ဘာ ၁ ရက်၊ လားရှိုး
လားရှိုးမြို့နယ်ထဲက ပန်ခန်၊ နမ့်မော်ခွန်နဲ့ ပန်စန်ရွာမှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လူသစ်စုဆောင်းတာကို ကြောက်လန့်ပြီး ရွာခံ (၂ဝဝ)ကျော်ဟာ မန်ဆူကျောင်းဘက်ကို ဒီနေ့ညမှာ တိမ်းရှောင်လာကြပါတယ်။
ပန်ခန်ရွာက (၂ဝ၆)ဦး၊ နမ့်မော်ခွန်ရွာက ၈ ဦးနဲ့ ပန်စန်ရွာက ၄ ဦး တိမ်းရှောင်လာကြတာဘဲ ဖြစ်ပါတယ်။
နေရာထိုင်ခင်းအတွက် မန်ဆူကျောင်းထဲမှာ စီစဥ်ပေးထားပြီး လိုအပ်တဲ့ အစားအသောက်တွေကိုတော့ မြို့ခံ၊ လူမှုကူညီရေးအသင်း၊ ဌာနဆိုင်ရာနဲ့ ကြက်ခြေနီအသင်းတွေက ကူညီပေးနေကြပါတယ်။
#ဓာတ်ပုံ- လွေးပိုးဆငယ်၊ ရွှေဖီမြေ
#ကျေးရွာခံ #တိမ်းရှောင် #တပ်သားသစ် #လားရှိုး #မန်ဆူကျောင်း
https://www.facebook.com/451214215694715/posts/777382629744537/
https://www.facebook.com/shwepheemyaynews/posts/777382629744537
No comments:
Post a Comment