Friday, September 25, 2020

ငြိမ်းချမ်းရေး မရသေးခြင်းသည် ပြည်သူမှလွဲပြီး အားလုံးတွင် တာဝန်ရှိသည်ဟု တပ်မတော်ပြော

 

ငြိမ်းချမ်းရေးမရသေးခြင်းသည် ပြည်သူမှ လွဲပြီး အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များ အားလုံးတွင် တာဝန်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်
ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
 
ယနေ့ (စက်တင်ဘာ ၂၆) မွန်းလွဲပိုင်းတွင် ပြုလုပ်သော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဗိုလ်ချုပ်ဇော်မင်းထွန်းက '' ငြိမ်းချမ်းရေး မရသးတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ တပ်မတော်မှာ တာဝန်ရှိလား။ အစိုးရမှာ တာဝန်ရှိလား။ လက်နက်ကိုင် တပ်ဖွဲ့မှာ တာဝန်ရှိလား။ ပြည်သူတွေမှာ တာဝန်ရှိလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ ပြည်သူမှအပ ကျန်တဲ့လူတွေ အားလုံးမှာ တာဝန်ရှိတယ် လို့ပဲပြောချင်ပါတယ်'' ဟု ဆိုသည်။
 
ယုံကြည်မှု တည်ဆောက်ရေးနှင့် ပတ်သက်ပြီးလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်နက်ကိုင်ဆွဲပြီး ဆွေး နွေးနေသမျှ ကာလပတ်လုံး ယုံကြည်မှု တည်ဆောက် ရေးဆိုသည်မှာ ဖြစ်နိုင်စရာ အကြောင်းမရှိဟု ထင်မြင် ကြောင်း ပြောကြားသည်။
 
'' တစ်ခုခု ပြသာနာဖြစ်လာတဲ့ အခါတိုင်းမှာပဲ ဒီ လက်နက်ကိုင်ကိစ္စပဲ ပြန်လည်ပြီးတော့ကျ။ လက်နက်ကိုင် လမ်းစဉ်ကိုပဲ ပြန်လည် ဦးတည်သွားနိုင်မယ် လို့ မြင်ပါတယ်'' ဟု ၎င်းက ဆိုသည်၊
 
ယုံကြည်မှု တည်ဆောက်ရေးအတွက် အပစ်အခတ် ရပ်စဲရန်လိုအပ်ပြီး အပစ်အခတ် ရပ်စဲမှသာ ယုံကြည်မှု တည်ဆောက်ရေးသည်လည်း အဓိပ္ပါယ်ရှိမည်ဖြစ် သည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်၊
 
'' ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ထားတာက NCA လမ်းကြောင်းပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ ပထမဦးဆုံး ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲသွားဖို့ လိုတယ်လို့ပဲ ပြောချင်တယ်။ အပစ်အခတ် ရပ်စဲသွားမှပဲ ယုံကြည်မှု တည်ဆောက်တယ် ဆိုတာ သည်လည်း အဓိပ္ပါယ်ရှိမှာဖြစ်ပါတယ်''ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။
 
COVID - 19 ကူးစက်ပြန့်ပွားမှုမြင့်မာနေသော လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲမျာ းမရှိသော်လည်း  ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ စစ်ရေးအခြေအနေ တင်းမာလျှက် ရှိနေသည်။

http://www.theladiesnewsjournal.com/news/sat-2020-09-26-1318/13665

No comments:

Post a Comment