ရခိုင်လက်နက်ကိုင်(AA) အပါ အဝင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ သည် ကိုဗစ်ဒုတိယလှိုင်း ကာကွယ်ရေး နှင့် ရွေးကောက်ပွဲအတွက် အထောက် အကူဖြစ်စေရန်ဟုဆိုကာ ရက်ပေါင်း ၇ဝ ကြာ အပစ်အခတ် ရပ်စဲကြောင်း စက်တင်ဘာ ၁ ရက်တွင် ကြေညာခဲ့ သည်။
ယခု အပစ်အခတ်ရပ်စဲမှုသည် ၂ဝ၁၉ ခုနှစ် စက်တင်ဘာလကတည်း က စတင်ခဲ့သည့် အပစ်အခတ် ရပ်စဲရေးကြေညာမှု၏ အဆက်ဖြစ်သည်။ သတ္တမအကြိမ်မြောက် သက်တမ်းတိုး ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် ကုန် ဆုံးခဲ့သည့် ၎င်းတို့၏ အပစ်အခတ်ရပ် စဲရေး ကြေညာမှုကို စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ သက် တမ်းတိုးလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် တတိယပတ် အတွင်း ကျင်းပခဲ့သည့် (၂၁)ရာစု ပင်လုံညီလာခံအတွင်း မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဝင် AA ၏ လုပ်ဆောင်ချက် များကို အစိုးရက ဝေဖန်ခဲ့သေးသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက AA အနေဖြင့် အပြုသဘောဆောင် သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်မှသာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းပွင့်နိုင်မည်ဟု ပြောသည်။
အပစ်ရပ်ကြေညာမှုသည် တပ်မ တော်နှင့် ၎င်းတို့ မဟာမိတ်သုံးဖွဲ့ အကြား အပစ်အခတ်ရပ်စဲနိုင်ရေး၊ နိုင်ငံ ရေးဆွေးနွေးနိုင်ရေး၊ ပြည်သူများ၏အသက်အိုးအိမ်ကို ကာကွယ်နိုင်ရေး၊ နယ်စပ်ဒေသများ တည်ငြိမ်ရေးတို့ကို ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်ကဆို ပြီး ထိုကာလအတွင်း တပ်မတော်ဘက် က ထိုးစစ်ဆင်လာပါက ပြန်လည်တုံ့ ပြန်မည်ဟုလည်း ဖော်ပြထားသည်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တွင် AA၊ တအာင်းအဖွဲ့ (TNLA) နှင့်ကိုး ကန့်အဖွဲ့(MNDAA)တို့ ပါဝင်သည်။ မြန်မာတပ်မတော်ကလည်း COVID-19 တားဆီးရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို အထောက်အကူပြု ရန်အတွက် မေ ၁ဝ ရက်မှ သြဂုတ် ၃၁ ရက်အထိ ကြေညာခဲ့သည့် အပစ် အခတ်ရပ်စဲရေးကို စက်တင်ဘာ ၃ဝ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။ထိုမတိုင်ခင်က ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ ကိုးလကြာသော အပစ် အခတ်ရပ်စဲရေးကိုလည်း ပြုလုပ်ခဲ့သေးသည်။
No comments:
Post a Comment