AA၊ ARSA နှင့် RSO လှုပ်ရှားနယ်မြေများကို ချန်လှပ်၍ တပ်မတော် အပစ်ရပ် သက်တမ်းထပ်တိုး
မေယုတောင်ကြောပေါ်တွင် စစ်ရေးလေ့ကျင်နေသည့် ARSA အကြမ်းဖက်တပ်ဖွဲ့ဝင်များ
5.1k
By ဇင်လင်းထက် 29 September 2020
Want create site? Find Free WordPress Themes and plugins.
တပ်မတော်က နိုင်ငံအဝန်း ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့် ရပ်စဲကြောင်း ထပ်မံကြေညာလိုက်သော်လည်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ ရက္ခိုင်စစ်တပ် (AA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) တို့ လှုပ်ရှားလျှက် ရှိသည့် ရခိုင်ပြည်နယ်ကိုတော့ ချန်လှပ်ထားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက် အရ နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှ အပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထပ်မံ တိုးမြှင့်ပေးသွားမည်ဟု ဖော်ပြထားသည်။
နိုင်ငံအတွင်း Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire ကို ထောက်ခံသောအားဖြင့် ယင်းသို့ တိုးမြှင်ပေးခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းထပ်တိုးလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် မေးမြန်းရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် အွန်လိုင်းမှ တဆင့် သတင်းစာရှင်းလင်းပွဲတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်မှာ လက်တွေ့အားဖြင့် ခဲယဉ်းကြောင်း ပြောထားသည်။
၎င်းက “အကြမ်းဖက်အဖွဲ့အစည်းများ ရှိတဲ့နေရာက အကြုံးမဝင်ပါဘူး။ တပ်မတော်အနေနဲ့ ဒီလိုမျိုး လုံခြုံရေး၊ ကာကွယ်ရေးတွေကို ဆောင်ရွက်နေတဲ့ အချိန်မှာတောင်မှပဲ ဒီလိုမျိုး တိုက်ပွဲဆင်နွှဲတာတွေ၊ ချောင်းပစ်၊ မြောင်းပစ်တွေ ရှိနေတာကို လစ်လျူရှုလိုက်မယ်ဆိုရင် ပိုပြီးဆိုးလာနိုင်စရာရှိပါတယ်။ ဒါကြောင့် လက်တွေ့လုပ်ဆောင်ဖို့ ခဲယဉ်းတယ်လို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
You may also like these stories:
https://burma.irrawaddy.com/news/2020/09/29/230756.html
No comments:
Post a Comment