Saturday, August 1, 2020

ကွတ်ခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တပ်သားတွေကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ TNLA ထုတ်ပြန်

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ ပြုလုပ်နေစဉ်အတွင်း တပ်ဖွဲ့ဝင်အချို့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပွားတာကို စိစစ်တွေ့ရှိရတဲ့အတွက် ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ TNLA က ဒီနေ့ သြဂုတ်လ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကျူးလွန်ခံရတဲ့ ဒေသခံတွေကိုလည်း တွေ့ဆုံနှစ်သိမ့်မှုတွေ ပြုလုပ်ပေးနေပြီး ဆုံးရှုံးနစ်နာမှုတွေကိုလည်း ပြန်လည်ကုစားဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိထားပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ ၅ ရက်မှာ ကွတ်ခိုင်ဒေသက လူငယ်အချင်းချင်းကြား ပဋိပက္ခဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ ဟွေခုတ်ကျေးရွာက တအာင်းလူငယ်အချို့ကို ဖမ်းဆီးထားပြီး ဇွန်လ ၃ဝ ရက်မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီအမှုမှာ ပြစ်မှုကျူးလွန်သူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃ဝ၂(၂)၊ ၃၂၆ တို့နဲ့ အမှုဖွင့်ထားပြီး ကျူးလွန်ခံရတဲ့မိသားစုဝင်တွေနဲ့ ကချင်စာပေယဉ်ကျေးမှုအဖွဲ့တွေကိုလည်း ရုံးချိန်းတက်ရောက်နိုင်ဖို့ ဖိတ်ကြားထားပြီး အမှုကို အမြန်ဆုံး စစ်ဆေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

https://web.facebook.com/shwepheemyaynews/photos/a.451237879025682/753273688822098/?type=3&__xts__%5B0%5D=68.ARADpi4DPGWkb23mIgbT4Lg9fCkrWmkLtiCAmjH7FC4fE27aBv_tsyZ5_puBOWjC1FPAmX1_FbyHevdn-bPmEtgEmZDwbO15pP8c9_itxFFID7Veb2FfQPKVIdGPScL8nkIvrbi0DPgmYpr9kQttmhP455XCPmtWlMKuXUykbvbxQIov56NJkk_L2w2OI0k9tGljWkJVsO_6PVecePlRQGISO0S68cHuY7JPTijlj_-TDy05qi8FpuW6xBepNk1WpMrt3G7ik_htroZgmJeK9F4D_OZ8rdotLh0nNX6K9fgWhLYEtz-TkHcBcfsPZRQCV6_y001HvR5I5PnNzODPX9k&__tn__=-R

No comments:

Post a Comment