လ်ချုပ်ကြီးယွက်စစ်၏ နေပြည် တော်ခရီးစဉ်သည် ယုံကြည်မှုနှင့်ဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ကြီးမားစွာ အထောက်အကူပြု ခဲ့သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) က သြဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်(RCSS)ဥက္ကဌ၏ နေပြည်တော်ခရီးစဉ်အတွင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နှင့် သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ထို့အပြင် တပ်မတော်၊ နိုင်ငံရေး ပါတီ၊နိုင်ငံတကာသံတမန်များနှင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအခြေအနေ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကိုလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်သည် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး အဖွင့်မိန့် ခွန်းကို ရှမ်းဘာသာစကားဖြင့်ပြောကြားလိုသော်လည်း အစိုးရကခွင့်မပြုခဲ့၍ ဗမာဘာသာစကားဖြင့်သာပြောကြားခွင့်ရခဲ့သည်။ သို့သော်လည်း နေပြည်တော်ခရီးစဉ်က ယုံကြည်မှုတည်ဆောက် ရေးကို ကြီးမားစွာအထောက်အပံ့ဖြစ် စေခဲ့ကြောင်း(RCSS)ဥက္ကဌ၏ ခရီး စဉ်အပြီး ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
ညီလာခံတွင် ပြည်ထောင်စုသဘော တူစာချုပ်အစိတ်အပိုင်း (၃)ကို သဘော တူညီချက် ၂ဝ နှင့် ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်ဇယားတစ်ခု တို့ကို သဘောတူညီခဲ့ပြီး သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက အတည် ပြုနိုင်ခဲ့သည်။ ယင်းအတွက်လည်း ဂုဏ် ယူမိသည်ဟု(RCSS)က ဆိုသည်။
No comments:
Post a Comment