Wednesday, August 26, 2020

မြန်မာတပ်မတော်နှင့်ဆက်နွယ်သော Facebook Pages နှင့် Accounts ဆိုင်ရာ အချက်အလက်များ Facebook က ကုလသမဂ္ဂ IIMM ထံ ပေးအပ်

မြန်မာတပ်မတော်နှင့်ဆက်နွယ်သော Facebook Pages နှင့် Accounts ဆိုင်ရာ အချက်အလက်များ Facebook က ကုလသမဂ္ဂ IIMM ထံ ပေးအပ်
ရန်ကုန်၊ ဩဂုတ် ၂၆
အမေရိကန်အခြေစိုက် Facebook ကုမ္ပဏီက မြန်မာ့တပ်မတော်နှင့် ဆက် နွယ် နေသော Facebook Pages နှင့် Accounts များနှင့်ပတ်သက်သည့် အချက် အလက်များကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM ထံ ပေးအပ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။
Facebook က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက် ၍ ကုလသမဂ္ဂစုံစမ်းသူများထံ အချက်အလက်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် Facebook က ရိုဟင်ဂျာများအပေါ် အမုန်းစကားများ ရပ်တန့်ရေး ပိတ်ပင်ခဲ့သော တပ်မတော်နှင့်ပတ်သက်သည့် Facebook Pages and Accounts မှ အချက်အလက်များကို ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းရေးကော်မရှင် (Independent Investigative Mechanism on Myanmar IIMM) ထံ ပေးအပ်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရ သိရှိရသည်။
"ကျနော်တို့အနေနဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့   မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ရာဇ ဝတ်မှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပေးအပ်ဖို့ ပူးပေါင်းဆောင်ရွက်မှာပါ" ဟု Facebookကိုယ်စားလှယ်က ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရပြီး အမှု ရင်ဆိုင်နေရကာ လူမျိုးတုန်းသတ်ဖြတ်မှုများ မရှိကြောင်း၊ ရဲစခန်းများကို တိုက်ခိုက်သော စစ်သွေးကြွများကို ဥပဒေနှင့်အညီ ပြန်လည် တုံ့ပြန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရာဇဝတ်မှုများနှင့်ပတ်သက်၍ သက်သေအထောက်အထားများ စုဆောင်းရန် IIMM ကိုထူထောင်ခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက Facebook သည် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို အားပေးသော အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Facebook က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာအပါအဝင် Accounts ၁၈ ခု နှင့် Page ၅၂ ခုကို ဖယ်ရှားခဲ့ပြီး အချက်အလက်များကို သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
IIMMအကြီးအကဲက ရာဇဝတ်မှုများနှင့်ပတ်သက်၍ အချက်အလက် ပေးရန် မေတ္တာရပ်ခံချက်ကို Facebook က သက်သေ အထာက်အထားများ မပေးကြောင်းယခုလအတွင်း ထုတ်ဖော်ပြောဆိုပြီးနောက် သြဂုတ်လ ၂၅ ရက်နေ့တွင် IIMM အနေဖြင့် မေတ္တာရပ်ခံထားသည့်အတိုင်း ပထမအချက်အလက်များကို  ရရှိခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

https://www.facebook.com/khitthitnews/posts/995214480915898

No comments:

Post a Comment