ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ မြစ်ကြီးနားတွင် ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့ အစည်းများ အကြား ပိုမိုချိတ်ဆက် လုပ်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ တစ်ခု ကို BNI က ကချင်ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ၏ ငြိမ်းချမ်းရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (Myanmar Peace Monitor ) က ကမကထ ပြုလုပ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေး ဖလှယ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဆိုပါအဖွဲ့၏ ညှိနှိုင်းရေးမှူး ကိုကျော်ထက်အောင် က ယခုကဲ့သို့ ပြောသည်။
“ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့တွေနဲ့ပေါ့နော တကယ်မြေပြင်ထဲမှာ လုပ်နေတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေနှင့် IDP Camp ကလူတွေနဲ့ ဒီတခြား Community ကလူတွေနဲ့ပေါ့နော သူတို့တွေနဲ့ ကြားထဲ မှာ Communication get-out ဖြစ်တယ်လို့ ကျနော်တို့တွေ့ရတယ်ပေါ့။ အဲဒီအခါကျတော့ သူတို့ကြားထဲမှာ အပြန်အလှန်သတင်းအချက်အလက် ဖလှယ်ဖို့က အရေးကြီးတယ်။ ဆိုတော့ ဒီအဖွဲ့အစည်းကြားတွေထဲမှာ ကျနော်တို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ပြန်ပြီးတော့ မျှဝေဖို့ရယ် ပြန်ပြီးတော တစ်ဆင့်နဲ့တစ်ဆင့် သတင်းစကားပါး နိုင်ဖို့ ရယ် အဲဒါကြောင့် ကျနော်တို့ ဒီပွဲတွေလည်း လုပ်ရခြင်း ဖြစ်တယ်”
ထိုှဆွေးနွေးဖလှယ်ပွဲတွင် လက်နက်ကိုင် ပဋိပက္ခနှင့် အပစ်အခတ် ရပ်စဲရေး၊ စစ်ဘေးရှောင် နေရပ်ပြန် နိုင် ရေးကိစ္စနဲ့ လူမှု့ရေး ပြဿနာ၊ သဘာ၀ သယံဇာတနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့အပြင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ကချင်ပြည်နယ်ရဲ့ လူမှုဘဝဖွံ့ ဖြိုးတိုးတက်ရေး စသည့်အကြောင်းအရာများကို အဓိက ထား ဆွေးနွေးခဲ့ကြသည် ဟု ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ အတိုင်းအတာ တစ်ခုအထိ ဆက်လက်သွား နေသော် လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံး အောင်မြင်နိုင်ဖို့အတွက် အဖက်ဖက်မှ ငြိမ်းချမ်းရေးနှင့် ဆိုင်သည့် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာရန်လိုသည်ဟု BNI ၏ ငြိမ်ချမ်းရေးဆိုင်ရာ စောင့်ကြည့် လေ့လာ ရေး အဖွဲ့က ပြောသည်။
“ငြိမ်းချမ်းရေးလို့ ပြောရင် NCA လို့ ပြေးမြင်ကြတာ ဒါပေမယ့် NCA လမ်းကြောင်းမှာ သူက အတစ်အဆို့ တွေ ရှိလာတဲ့အခါကျတော့ ပြင်ပမှာလည်း ကျနော်တို့ Community Level မှာ ဒီငြိမ်းချမ်းရေး ဆိုတာ ဘာ လဲဆို တာက မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့နော။ ဒါပေမယ့် အဲဒီအချိန်မှာ NCA လမ်းကြောင်းက အ လုပ်ဖြစ် လား မဖြစ်ဘူးလား ဆိုတာတွေက အများကြီး ရှိတယ်။ ဒါပေမယ့် ဟိုတလောကပဲ ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံမှာ စိတ်အပိုင်းတစ်ချို့ကို သဘောတူညီမှုတွေ လုပ်ကြတယ်ပေါ့နော်။ တစ်ချို့အဖွဲ့ လည်း မတက်ကြဘူး ဆိုတော့ဒီဟာက တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားတွေ မတိုက်ဆိုင်တဲ့ အခါကျတော့ Community ထဲမှာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားသံက ပိုပြီး ထပ်ခါထပ်ခါ ပိုပြီး ကျယ်လောင်နေဖို့လို တယ် ပေါ့နော်။”
ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် သူများ၊ ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စစ်ဘေးရှောင်များ၊ သတင်းမီဒီယာများတက်ရောက် ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို မြစ်ကြီးနားမြို့ရှိ၊ ကုန်သည်ကြီးများဟိုတယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-င်္ဘလားဒေ့ရှ်၊ မြန်မာ-အန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်း လေးခုဖြင့် ၂၀၀၃ ခုနစ် ဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကလကတ္တားတွင် စတင်ထူထောင်ခဲ့သည်။
တည်ထောင်ခဲ့သော အဖွဲ့အစည်းများမှာ Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ကို ထိုင်းနိုင်ငံ နှင့် ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်သော သတင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်းတွင် အခြေ စိုက်သော အဖွဲ့များဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ ကြသည်။
No comments:
Post a Comment