Sunday, August 30, 2020

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများ အစီရင်ခံစာပေးပို့

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများအနေနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစီရင်ခံစာများ ပေးပို့ခဲ့ကြောင်း အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ UPR လုပ်ငန်းစဉ်သို့ တင်သွင်းမည့် မြန်မာနိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများ၏အစီရင်ခံစာများအနက် Burma/Myanmar UPR  ဖိုရမ်၏ အစီရင်ခံစာနှင့် Myanmar Child Rights Coalition အဖွဲ့တို့၏ အစီရင်ခံစာများကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

UPR လုပ်ငန်းစဉ်ဆိုသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးက လေးနှစ်လျှင်တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာများတင်သွင်းပြီး သုံးသပ်မှု ခံယူရသော လုပ်ငန်းစဉ်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် သုံးသပ်မှု ခံယူရမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ယင်းလုပ်ငန်းစဉ်တွင် အစိုးရအစီရင်ခံစာများသာမက အရပ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံစာများကို အခြေခံ၍ သက်ဆိုင်ရာ နိုင်ငံအပေါ်နိုင်ငံတကာက အကြံပြုချက်များ တင်ပြခြင်း၊ သက်ဆိုင်ရာနိုင်ငံက လက်ခံလိုက်နာမည့် အကြံပြုချက်များကို ရွေးချယ်ပြီး နိုင်ငံအတွင်း ပြန်လည်အကောင်အထည်ဖော်ရခြင်း စသည်တို့ပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ တင်သွင်းသည့်အစီရင်ခံစာများတွင် အရပ်ဘက်အဖွဲ့အစည်း (၂၉) ဖွဲ့ ပါဝင်သည့် ကြမော။ Burma/Myanmar UPR Forum နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း (၁၅)ဖွဲ့ပါဝင်သည့် Myanmar Child Rights Coalition တို့၏ အစီရင်ခံစာများဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာပေါင်း (၁၁) ခုနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ (၃) ခုတို့အပေါ် သု တေသန ပြုလုပ်ထားသော အချက်များအပြင် မြန်မာနိုင်ငံအစိုးရအပေါ် အကြံပြုချက်များလည်း ပါဝင်ကြောင်း အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ထို့ပြင် အဆိုပါ အစီရင်ခံစာများတွင် နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများအား အတည်ပြုခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအခြေအနေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးစီတန်းခွင့်၊ ဘာသာရေးနှင့် သက်ဝင်ယုံကြည်မှု လွတ်လပ်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ ကျား/မ/အခြား စသည့် ဂျဲန်ဒါရေးရာနှင့် လိင်စိတ်တိမ်းညွတ်မှု။ လိင်ဝိသေသခံယူဖော်ပြမှု ကွဲပြားသူဆိုင်ရာ ပြဿနာများ ပါဝင်သည်။

အလားတူ လူကုန်ကူးမှု၊ မြေယာပြဿနာ၊ နိုင်ငံရေးအကျဉ်းသားများ၊ မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တရားစီရင်ရေးစနစ်၊ မသန်စွမ်းသူများ အခွင့်အရေး နှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေး တို့လည်းပါဝင်ကြောင်းလည်း သိရသည်။

http://thevoicemyanmar.com/index.php/news/43451-kuu

No comments:

Post a Comment