AA အဖွဲ့၏ ဖမ်းဆီးမှုအပါအဝင် ပလက်ဝမြို့နယ်
အတွင်းမှ အရပ်သား ၂၀ ဦး ပျောက်ဆုံးနေ
------------- ------------- ----------------
ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်အတွင်း၌ AA အဖွဲ့၏ ဖမ်းဆီးမှုအပါအဝင် ဒေသခံအရပ်သား
၂၀ ဦး ပျောက်ဆုံးနေကြောင်း ချင်းနေရပ်စွန့်ခွာတိမ်း ရှောင်သူများကူညီထောက်ပံ့ရေးအဖွဲ့ (CICS)က သ
တင်းထုတ်ပြန်ထားသည်။
ပျောက်ဆုံးနေသော ၂၀ ဦးမှာ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ သုံးနှစ်တာကာလအတွင်း၌ ပျောက်ဆုံးနေခြင်းဖြစ် ကာ ၎င်းတို့အနက်မှ ၅ဦးကို AAကဖမ်းဆီးခြင်းဖြစ်ပြီး ကျန်သည့်သူများကိုမူ မည်သည့်အဖွဲ့က ဖမ်းဆီးခြင်း
ဖြစ်ကြောင်းကို အတည်မပြုနိုင်သေးကြောင်း CICS မှ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းကျော်အောင်က The
Ladies News သို့ပြောကြားသည်။
AA အဖွဲ့၏ဖမ်းဆီးခြင်းခံရသူ ၅ဦးတွင် ဦးမြင့်မောင်မှာ ပလက်ဝမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်ဖြစ်
ပြီး ဧပြီလအတွင်း၌ AA အဖွဲ့က ၎င်းနေထိုင်ရာ နေ
အိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း
ဖြစ်သည်။
ကျန်သည့် ၄ဦးမှာ ဇူလိုင်လ ၂၉ရက်နေ့က ကျောက်
တော်မှပလက်ဝသို့အပြန်လမ်းခုလတ်ရှိငသရိုင်းကျေး ရွာ၌ AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရခြင်းဖြစ်သည်။
ပျောက်ဆုံးနေသော အရပ်သား ၂၀ဦး၏ သတင်းကို လက်ရှိအချိန်အထိ အစအနပင်မရရှိသးသောကြောင့်
မိသားစုဝင်များက စိတ်ပူနေကြောင်း CISC ၏ ထုတ်
ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ဆလိုင်းကျော်အောင်က "ဖမ်းတယ်ဆိုရင်လည်း သူ့ ရဲ့ အခြေအနေ ဒီလိုမျိုးဖြစ်နေလို့ ကျွန်တော်တို့ဆီမှာ
ထိန်းသိမ်းထားတာပါလို့တရားဝင်ပြောရင် ဒါကတော့ မိသားစုဝင်တွေအနေနဲ့လည်း ကျွန်တော်သားတွေ
ကျွန်တော်အမျိုးတွေရှိနေသေးတယ်။ သူတို့အဖွဲ့ဆီမှာ ဆိုတဲ့ဟာကမှန်းလို့ရသေးတယ်။ အခုက သေသွားပြီ
လား။ ရှိနေသေးလားဆိုတဲ့ဟာတောင် ကျွန်တော်တို့ က မသိရတဲ့အခါမှာ ဒါကတော့ အင်မတန်မှ စိတ်မ
ကောင်းစရာဖြစ်တယ်" ဟု ဆိုသည်။
ထို့အပြင် ပလက်ဝမြို့နယ် တုန်းမဝရွာမှ အသက် ၆၂ နှစ်အရွယ် ဦးလှကျော်ဆိုသည့် အမျိုးသားတစ်ဦးမှာ
လည်း AAအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ဇူလိုင် လ ၁၇ ရက်နေ့ဝန်းကျင်တွင် မိသားစုဝင်များက ဦးလှ
ကျော်၏အလောင်းကို ပြန်တွေ့ခဲ့သည့်ဖြစ်စဉ်လည်း
ဖြစ်ပွားခဲ့ဖူးသည်။
စစ်ရေးတင်းမာမှုများကြောင့် ပလက်ဝဒေသအတွင်း၌ နေရပ်စွန့်ခွာစစ်ဘေးရှောင် အိမ်ထောင်စုပေါင်း
၁,၀၀၀ ကျော်နှင့် လူဦးရေ ၈,၀၀၀ ကျော်ရှိနေသည်။
အောင်ရဲနောင်
The Ladies News
https://www.facebook.com/News.TheLadies/posts/1560910964083867?__cft__[0]=AZWiitDvzeigJ3ZnnIQLeQaao7S6Fh_OdTSKNSi3U0GPrmQ9POMYa78PhusCj1pVLTtkHD10dmGYqjAbcfTWosqdm9LzunXTwcUCsMccszO5c9AUC5fO-IL0qRY2nXaJUgOuHQMDcL85xmgwpCwY8qOTcgRmKTBpJmScnLd-gTWbTg&__tn__=%2CO%2CP-R
No comments:
Post a Comment