Friday, July 3, 2020

မှော်ဘီရောက်စစ်ဘေးရှောင်များအား Chinland FC ဘောလုံးအသင်းမှ စားနပ်ရိက္ခါများလှူဒါန်း

မှော်ဘီရောက်စစ်ဘေးရှောင်များအား Chinland FC ဘောလုံးအသင်းမှ စားနပ်ရိက္ခါများလှူဒါန်း
ချင်းပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းဖြစ်သော Chinland FCမှ 𝗖𝗵𝗶𝗻𝗹𝗮𝗻𝗱 𝗳𝗼𝗿 𝗣𝗮𝗹𝗲𝘁𝘄𝗮 အစီအစဉ်ဖြင့် အသင်းတာဝန်ရှိပုဂ္ဂိုလ်များ၊ ကစားသမားများလိုက်ပါလျက် မှော်ဘီမြို့သို့ရောက်ရှိနေသော ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ယနေ့ မနက်ပိုင်းက သွားရောက်ကူညီလှူဒါန်းခဲ့ကြောင်း ၎င်းတို့၏ဖေ့ဘုတ်ပေ့ချ်မှ သိရသည်။
- -
Chinland FC မှ 𝗖𝗵𝗶𝗻𝗹𝗮𝗻𝗱 𝗳𝗼𝗿 𝗣𝗮𝗹𝗲𝘁𝘄𝗮
အစီအစဉ်ဖြင့် မှော်ဘီမြို့သို့ရောက်ရှိနေသော
ချင်းပြည်နယ်၊ ပလက်၀ဒေသမှ စစ်ဘေးရှောင်ပြည်သူများအား ပထမအကြိမ်ဖြစ် ဇူလိုင်လ (၃)ရက်နေ့ မနက်တွင် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။
ဤအစီအစဥ်တွင် စစ်ဘေးရှောင်ပြည်သူများ၏ အဓိကအခြေခံလိုအပ်ချက်များဖြစ်သော ဆန်အိတ် (၇၀)၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဆေးရည်(၃၅)ဘူး၊ ဗလာစာအုပ်(၅၆)ဒါဇင်၊ ပုဆိုး(၃၅)ထည်၊ ထမီ(၃၅)ထည်နှင့် ဘောပင်၊ ခဲတံ ကျောင်းသုံးကိရိယာများ အစရှိသည့် ကာလတန်ဖိုး သိန်းနှစ်ဆယ် (၂၀၀၀,၀၀၀) ကို လှူဒါန်းခဲ့ပါသည်။
Chinland for Paletwa စစ်ဘေးရှောင်​​ပြည်သူများအား ကူညီထောက်ပံ့ပေးရေးအစီအစဉ်မှ လှူဒါန်းမှုများကိုလည်း ဆက်လက်လုပ်​ဆောင်သွားမည်ဖြစ်ပါသည်။
ဤအစီအစဉ်တွင် ပါဝင်လှူဒါန်းကြသော ပြည်တွင်းပြည်ပမှ အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
https://www.facebook.com/khumimediagroup/posts/3357493357628590?__cft__[0]=AZX0z5SGxAi3MnPEsRzy6jwsdwbV6lPOC5UaRDDlxi_QN3L3i9E4FIVebUOT7DaeQOG4pXkq5E7j_mVN-gC1-x5eZ6sOiYw93WitSGGPJ31bL2ScROmWJViI22i3nfMh1vw0KuYsj8IjVineAcOrbW1wvHKtiNlqukIc3VjVPGzNPQ&__tn__=%2CO%2CP-R

No comments:

Post a Comment