တပ်မတော်သားနှစ်ဦးက ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုထရွာသူ နော်မူနော်ကို ပစ်သတ်ခဲ့မှုနှင့်ပတ်သက်၍ တပ်စခန်း များအား ပြန်လည်ရုပ်သိမ်းပေးရန်နှင့် နော်မူနော်သေဆုံးမှုအတွက် တရားမျှတမှုရရှိရန် ဒေသခံ ၄၀၀၀ ခန့်က ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများသည် ဖာပွန် မြို့နယ် တောင်သုံးလုံးတပ်စခန်းသို့ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံများ ပါဝင်ကြောင်း သိရ သည်။
အဆိုပါ ဖာပွန်မြို့နယ် ပိုလိုထရွာသူ နော်မူနော်ကို ပစ်သတ် ခဲ့မှုနှင့်ပတ်သက်၍ ဖာပွန်ခရိုင် ဒွဲလိုမြို့နယ်အတွင်းရှိ မြန်မာတပ် စခန်းလေးခုဖြစ်သော မဲဝေတပ်စခန်း၊ ကေးကိုတပ်စခန်း၊ ဝေါ်မူ တပ်စခန်းနှင့် ခူသူထာတပ်စခန်းများကို ပြန်လည်ရုပ်သိမ်းရန် ဒေသခံများက ဇူလိုင် ၂၂ ရက်တွင် ပထမအကြိမ် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
ဖာပွန်မြို့နယ် ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ် ခဲ့ သဖြင့် သေဆုံးသွားကြောင်း၊ ဇူလိုင် ၁၉ ရက်တွင် သတင်းရရှိခဲ့ပြီး အဆိုပါသတင်းသည် ပြည်သူလူထုနှင့် ပတ်သက် ၍လည်းကောင်း၊ မိမိလက်နက်ဖြင့်ပတ်သက်၍ ကြီးလေးသောရာဇဝတ်ပြစ်မှုမျိုးဖြစ် သည့်အတွက်လည်းကောင်း သတင်းရလျှင်ရချင်း သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူ အရာရှိနှင့် အဖွဲ့ အား ဇူလိုင် ၁၉ ရက်တွင်ပင် ချက်ချင်း စုဖွဲ့စေလွှတ်ခဲ့ပြီး စုံစမ်းဖော်ထုတ် ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ပဏာမစုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံသည့် တရားခံ စစ်သည်နှစ်ဦးအား ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်း အရ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားခံစစ်သည် နှစ်ဦး ထွက်ပြေး၊ ပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာနများသို့ အချိန်နှင့် တစ်ပြေးညီ သတင်း မပို့ခဲ့သည့် စခန်းမှ တာဝန်ရှိသူများကို လည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုထကျေးရွာတွင် ကျေးရွာသူ အသက် (၄၀) အရွယ် သားသမီး သုံးဦး မိခင် နော်မူနော်ကို တပ်မတော်သား နှစ်ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများ လုယက်ကာ ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့များ စုံစမ်းစစ်ဆေးရန် KNU Concerned Group က သဘောထားထုတ်ပြန်တောင်းဆိုထားသည်။
No comments:
Post a Comment