Friday, July 31, 2020

ဝ' ထိန်းချုပ်ဒေသတွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်

ဝ' ထိန်းချုပ်ဒေသတွင်
ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်
------------ ------------- ----------------
' ဝ 'အဖွဲ့ (UWSA) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် မြို့နယ် လေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်
မဟုတ်ကြောင်း ' ဝ ' အဖွဲ့မှ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက The Ladies News သို့ပြော
ကြားသည်။
'ဝ' အဖွဲ့ (UWSA) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်းဆန်းမြို့နယ်နှင့် နားဖန်းမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည် မ
ဟုတ်ကြောင်း ဦးညီရမ်းက ပြောကြားသည်။
" အဲဒီလေးမြို့နယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင်
ပေ့ါနော်။ ကျန်တဲ့ နှစ်မြို့နယ်ကတော့ အစိုးရ၊ တပ်မ
တော်ရဲ့ထိန်းချုပ်နယ်မြေမှာရှိတော့ ဒါကတော့ အရင် အတိုင်းလိုမျိုးပဲ ကျင်းပသွားလိမ့်မယ်။ ကျင်းပသွားဖို့ များပါတယ်" ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကမူ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ' ဝ ' ဒေသတွင် ရွေး
ကောက်ပွဲကျင်းပနိုင်ရေးအတွက် ပန်းဆန်းမြို့သို့ သွားရောက်ကာ`ဝ' အဖွဲ့ (UWSA)ဒုဥက္ကဋ္ဌ ဦးရှောက် မင်းလျံ အပါအဝင် ထိပ်ပိုင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ဆွေးနွေးခဲ့သော်လည်း လက်ရှိတွင် COVID -19 ရောဂါ ဖြစ်ပွားနေမှုနှင့် ရွေးကောက်ပွဲကျင်းပမည့်
အခြေခံလိုအပ်ချက်များရှိနေသေးသည်ဟု ဦးညီရမ်း က ပြောကြားသည်။
" အမျိုးသားမှတ်ပုံတင်တို့။ အိမ်ထောင်စု စာရင်းတို့။ လူဦးရေစာရင်းတို့ စသည်ဖြင့်တွေကို အမျိုးမျိုးလိုအပ် ချက်တွေ ရှိတယ်။ အရင်တုန်းက တွေ့ဆုံမှုရှိတယ်ဆိုတာ ပဏာမတွေ့ဆုံမှုပေါ့။ ဒါမျိုးက ကျွန်တော်တို့ 'ဝ'
ပြည်နယ်အတွင်းမှာလည်း အရင်တုန်းက တစ်ကြိမ်
တစ်ခါမှလည်း မကျင်းပဖူးဘူးဆိုတော့ လောလော
လတ်လတ် ကျင်းပလို့ အဆင်မပြေဘူးလေ" ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ
ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နား
ဖန်းမြို့နယ်၊မက်မန်းမြို့နယ်နှင့်ပန်ဆန်း(ပန်းခမ်း)မြို့ နယ် ခြောက်မြို့နယ်အား ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး 'ဝ'ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။
အောင်ရဲနောင်
The Ladies News
https://www.facebook.com/News.TheLadies/posts/1559442127564084?__cft__[0]=AZWugLjKkszejjFnY-jRHVdhUA1wnCtS51_5QTeUiEHq-5WCPeWF33kcaKvxyIybiKQSBy4kXKIrKEN36sTgs-XojBJPO26Gd9E3EUMBUDs20qDJncdyvsxvhl-zbrQT3lhMkdWgHukfLWswU_LBHCKjXNejo_7rqH9v9k6ckqiwKg&__tn__=%2CO%2CP-R

No comments:

Post a Comment