Friday, July 3, 2020

ကျောက်တော်စျေးသို့ ဘောလုံးသွားဝယ်သည့်လူငယ်နှစ်ဦးပျောက်ဆုံးနေ

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇူလိုင် ၃ /၂ဝ၂ဝ
ကျောက်တော်မြို့သို့ ဘောလုံးသွားဝယ်သည့် ပိန္နဲချောင်းကျေးရွာမှ လူငယ်နှစ်ဦးမှာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ရွာသို့အပြန် ကစ္ဆပနဒီတံတားအနီးတွင် ပျောက်ဆုံး သွားကြောင်း သတင်းရရှိသည်။
အဆိုပါ လူငယ်နှစ်ဦးမှာ ကိုနေမျိုးထွန်း(၂ဝ)နှစ်နှင့် ကိုရဲထွန်း(ခ) သိန်းထွန်းအေး (၂၄)နှစ်တို့ဖြစ်ကြသည်။
၎င်းတို့မှာ ဆွေမျိုးတော်စပ်သူများဖြစ်ကာ ကျောက်တော်စျေးမှ ဘောလုံးဝယ်ပြီး အပြန် ကစ္ဆပနဒီတံတားထိပ်မှ နောက်ဆုံးဆက်သွယ်ခဲ့ကြောင်း ကိုနေမျိုးထွန်း၏ မိခင်ဒေါ်တင်တင်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။
“သူတို့နှစ်ယောက်မှာ ရဲထွန်းက ဆိုင်ကယ်ကယ်ရီမောင်းတာ။ ကျွန်မသား ဘောလုံး သွားဝယ်တော့ နှစ်ယောက်ထွက်သွားတာ။ ကျွန်မသားက ရဲထွန်းကို စစ်ဆေးရေးဂိတ်က ခေါ်သွားတယ်လို့ သူ့သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ခဲ့သေးတယ်။ အဲဒီတည်းက နှစ်ယောက်လုံးပျောက်သွားတာ” ဟု ပြောသည်။
၎င်းတို့နှစ်ဦးအား လုံခြုံရေးဂိတ်အား စစ်ဆေးနေကြောင်း သိရပြီးနောက် ပျောက်ဆုံးနေသည့် အတွက် မိခင်ဖြစ်သူနှင့် ဆွေမျိုးများမှာ ကျောက်တော်မြို့ရှိ တပ်ရင်းများအား သွားရောက်စုံစမ်းမေးမြန်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များအား သွားရောက်တိုင်တန်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေါ်တင်တင်ဦးက ဆက်ပြောသည်။
“တပ်ရင်း ၃၇၅ ကလို့ပြောတယ်။ ကျွန်မတို့ အဲဒီတပ်ကို သွားမေးတော့ အဲဒီက မသိဘူးလို့ပြောလိုက်တယ်။ ကျွန်မစိုးရိမ်နေပါပြီရှင်။ ကျွန်မမှာ သမီးအလတ်မကလည်း မသန်စွမ်းပါ။ သားလေးက ဒီတစ်ယောက်တည်းပဲ ရှိတာ။ ပြန်တွေ့ချင်ပါတယ် ကူညီပေးကြပါရှင်” ဟု ပြောသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးထွန်းဝင်းက ပျောက်ဆုံးနေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
ဦးဦးထွန်းဝင်းက “ ဒီမနက် အဲဒီလူငယ်တွေရဲ့ အမေ၊ အဒေါ်တွေ ရောက်လာပြီး ပျောက်နေတာကို အကြောင်း ကြားလာတယ်။ သူတို့ပြောပြချက်အရတော့ ပျောက်ဆုံးနေတာ ကို အတည်ပြုပေးလို့ရတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။
---------------------------
Unicode -
ကျောက်တော်စျေးသို့ ဘောလုံးသွားဝယ်သည့်လူငယ်နှစ်ဦးပျောက်ဆုံးနေ
အိမ်စိုးဖြူ
နိရဉ်စရာ၊ ဇူလိုငျ ၃ /၂ဝ၂ဝ
ကျောက်တော်မြို့သို့ ဘောလုံးသွားဝယ်သည့် ပိန္နဲချောင်းကျေးရွာမှ လူငယ်နှစ်ဦးမှာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ရွာသို့အပြန် ကစ္ဆပနဒီတံတားအနီးတွင် ပျောက်ဆုံး သွားကြောင်း သတင်းရရှိသည်။
အဆိုပါ လူငယ်နှစ်ဦးမှာ ကိုနေမျိုးထွန်း(၂ဝ)နှစ်နှင့် ကိုရဲထွန်း(ခ) သိန်းထွန်းအေး (၂၄)နှစ်တို့ဖြစ်ကြသည်။
“သူတို့နှစ်ယောက်မှာ ရဲထွန်းက ဆိုင်ကယ်ကယ်ရီမောင်းတာ။ ကျွန်မသား ဘောလုံး သွားဝယ်တော့ နှစ်ယောက်ထွက်သွားတာ။ ကျွန်မသားက ရဲထွန်းကို စစ်ဆေးရေးဂိတ်က ခေါ်သွားတယ်လို့ သူ့သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ခဲ့သေးတယ်။ အဲဒီတည်းက နှစ်ယောက်လုံးပျောက်သွားတာ” ဟု ပြောသည်။
၄င်းတို့နှစ်ဦးအား လုံခြုံရေးဂိတ်အား စစ်ဆေးနေကြောင်း သိရပြီးနောက် ပျောက်ဆုံးနေသည့် အတွက် မိခင်ဖြစ်သူနှင့် ဆွေမျိုးများမှာ ကျောက်တော်မြို့ရှိ တပ်ရင်းများအား သွားရောက်စုံစမ်းမေးမြန်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များအား သွားရောက်တိုင်တန်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေါ်တင်တင်ဦးက ဆက်ပြောသည်။
“တပ်ရင်း ၃၇၅ ကလို့ပြောတယ်။ ကျွန်မတို့ အဲဒီတပ်ကို သွားမေးတော့ အဲဒီက မသိဘူးလို့ပြောလိုက်တယ်။ ကျွန်မစိုးရိမ်နေပါပြီရှင်။ ကျွန်မမှာ သမီးအလတ်မကလည်း မသန်စွမ်းပါ။ သားလေးက ဒီတစ်ယောက်တည်းပဲ ရှိတာ။ ပြန်တွေ့ချင်ပါတယ် ကူညီပေးကြပါရှင်” ဟု ပြောသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးထွန်းဝင်းက ပျောက်ဆုံးနေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
ဦးဦးထွန်းဝင်းက “ ဒီမနက် အဲဒီလူငယ်တွေရဲ့ အမေ၊ အဒေါ်တွေ ရောက်လာပြီး ပျောက်နေတာကို အကြောင်း ကြားလာတယ်။ သူတို့ပြောပြချက်အရတော့ ပျောက်ဆုံးနေတာ ကို အတည်ပြုပေးလို့ရတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။

https://www.facebook.com/narinjara.info/posts/3370621429616577?__cft__[0]=AZVdqIce4-S9Cbye6qeSzsXEcWS6FVaVzf9DL6h9L3_ZPXqjLFN8nogigVCdRY_7mVBJB6o0lvo_Ilstxpkr3RT3ooVsWSVqizXjxWs9fJZnKmAqF6QFNaX6odoVr395IEY9x-zcXQs70eByaP84mfYvyJaRuzLGAISG2H7_vlfYow&__tn__=%2CO%2CP-R

No comments:

Post a Comment