Thursday, July 2, 2020

ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာရှိ အသက် ၃၇ နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းတပ်မတော်မှ သတင်းထုတ်ပြန်

နိရဥ္စရာ၊ ဇူလိုင် ၂/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး ၄ ယောက်၏ မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန်လ ၃ဝ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်းမှာ မှန်ကန်မှု မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်သည်။
၎င်းဖြစ်စဉ်အား အသေးစိတ်စိစစ်ရာ တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇွန်လ ၃ဝ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅ဝ ခန့် ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ AA တို့၏ သတင်းအားမေးမြန်းခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ရွာ၌ အသက် ၄ဝ နှင့်အထက် ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ နှစ်အောက် ကျား ၁ ဦး၊ မ ၁ ဦး စုစုပေါင်း ၅၃ ဦး သာတွေ့ရှိရကြောင်း၊ ကျန်ရွာသူရွာသားများနှင့် အုပ်ချုပ်ရေးမှူးမှာ ဇွန်လ ၂၇ ရက်တွင် စစ်တွေမြို့ဘက်သို့ ထွက်သွားကြောင်း သိရှိရသည်ဟု ဖော်ပြပါရှိသည်။
တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် AA နှင့် ဆက်စပ်၍ ဝင်ရောက်သတင်းစုံစမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိ ရွာသူရွာသားများရှေ့မှောက်တွင်ပင် ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြပါရှိသည်။
---------------------------
Unicode -
ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာရှိ အသက် ၃၇ နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းတပ်မတော်မှ သတင်းထုတ်ပြန်
နိရဥ္စရာ၊ ဇူလိုင် ၂/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး ၄ ယောက်၏ မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန်လ ၃ဝ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်းမှာ မှန်ကန်မှု မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်သည်။
၎င်းဖြစ်စဉ်အား အသေးစိတ်စိစစ်ရာ တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇွန်လ ၃ဝ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅ဝ ခန့် ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ AA တို့၏ သတင်းအားမေးမြန်းခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ရွာ၌ အသက် ၄ဝ နှင့်အထက် ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ နှစ်အောက် ကျား ၁ ဦး၊ မ ၁ ဦး စုစုပေါင်း ၅၃ ဦး သာတွေ့ရှိရကြောင်း၊ ကျန်ရွာသူရွာသားများနှင့် အုပ်ချုပ်ရေးမှူးမှာ ဇွန်လ ၂၇ ရက်တွင် စစ်တွေမြို့ဘက်သို့ ထွက်သွားကြောင်း သိရှိရသည်ဟု ဖော်ပြပါရှိသည်။
တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် AA များနှင့် ဆက်စပ်၍ ဝင်ရောက်သတင်းစုံစမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိ ရွာသူရွာသားများရှေ့မှောက်တွင်ပင် ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြပါရှိသည်။

https://www.facebook.com/narinjara.info/posts/3367929666552420?__cft__[0]=AZXXxJG-LE2_nB8hRt4blQbTcbXfAZFg-OLcAy8PMltOl9oMSkur-19VwdedVjYkW8KEF5a8RXBen2se7a73UM4OtcBXTIx6CaW9O8kcxFl7A2S58VO4lakw44jl2y-7GS_ifdrnqVW9cYQcbZuFJPzf83mOXPlpm--H2k9pdU-Slw&__tn__=%2CO%2CP-R

No comments:

Post a Comment