Tuesday, June 2, 2020

ပုဏ္ဏားကျွန်းမြို့ကင်းချောင်းတံတားအနီး မိုင်းပေါက်ကွဲ၍ ဒေသခံ ၁ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့ကင်းချောင်းတံတားအနီး မိုင်းပေါက်ကွဲ၍ ဒေသခံ ၁ဦးသေ၊ ၁ ဦးဒဏ်ရာရ
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ကင်းချောင်းတံတားအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒေသခံ ၁ ဦးသေဆုံးသွားပြီး ၁ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ဒေသခံ ၂ ဦးမှ သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် နားဒေါင်းကျကျေးရွာမှ ဦးဇော်မင်းဦး (၃၈) နှစ် ဖြစ်သည်။
ဒဏ်ရာရရှိသွားသူမှာ ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဦးဝင်းနိုင်စိုး (၄၇) နှစ် ဖြစ်ကြောင်း ပုဏ္ဏားကျွန်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်များအသင်းမှ ကိုဇော်ဇော်က ပြောသည်။
ကိုဇော်ဇော်က “ဒဏ်ရာရသွားသူကတော့ သိပ်မပြင်းဘူး။ အဲဒီ ဒဏ်ရာရသွားတဲ့ သူကတော့ ဆိုင်ကယ် ကယ်ရီဆွဲတာပါ။ သေသွားတဲ့ သူက သူ့ရွာကို သွားဖို့အတွက် ဆိုင်ကယ်ငှားတယ်ပေါ့နော်။ အဲဒီမှာ နှစ်ယောက် သွားကြရင်း လမ်းမှာ ပေါက်ကွဲမှုဖြစ်တာပါ။ ဒဏ်ရာရသွားတဲ့သူမှာက ဘယ်ဘက်လက်မောင်းနဲ့ လည်ပင်းမှာ နည်းနည်း ရသွားပါတယ်။ သေသွားတဲ့ သူကတော့ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေသွားတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။
သေဆုံးသူ အလောင်းနှင့် ဒဏ်ရာရသွားသူအား ယနေ့ နေ့လယ် ၁၂ ခွဲခန့်က ပုဏ္ဏားကျွန်းဆေးရုံကြီးသို့ ယူဆောင်လာခဲ့ကြောင်းလည်း ကိုဇော်ဇော်က ဆက်ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာမှာ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့ အထွက်၌ တည်ရှိသည့် ကင်းချောင်းတံတားအနီးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံရွှေကျော်က ပြောသည်။
ဦးစံရွှေကျော်က “ကျွန်တော်တို့ မြို့ထဲက “ဒုန်း ဒုန်း” ဆိုပြီး အသံ နှစ်ခေါက်ကြားပါတယ်။ ပထမကတော့ ဘာဖြစ်မှန်းမသိဘူးပေါ့နော်။ နောက်မှ မိုင်း ပေါက်ကွဲတာလို့ သိရပါတယ်။ မိုင်းက ၂ လုံးပေါက်ကွဲတာပါ။” ဟု နိရဥ္စရာသို့ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ယင်းလမ်းမှ ဖြတ်သန်းသွားလာကြသည့် ဆိုင်ကယ်၊ မော်တော်ယာဉ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာခြင်း မပြုသေးကြောင်း ယနေ့ နေ့လယ် ၁ နာရီခန့်က နိရဥ္စရာမှ ဆက်သွယ်စဉ် ဦးခင်မောင်လတ်က ပြောသည်။
ဓာတ်ပုံ - အင်္ဂါအောင် (ခမီ)
----------------------------
ပုဏ္ဏားကျွန်းမြို့ကင်းချောင်းတံတားအနီး မိုင်းပေါက်ကွဲ၍ ဒေသခံ ၁ဦးသေ၊ ၁ ဦးဒဏ်ရာရ
ဆောင်းဇာခြည်
နိရဉ်စရာ၊ ဇှနျ ၂/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ကင်းချောင်းတံတားအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒေသခံ ၁ ဦးသေဆုံးသွားပြီး ၁ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ဒေသခံ ၂ ဦးမှ သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် နားဒေါင်းကျကျေးရွာမှ ဦးဇော်မင်းဦး (၃၈) နှစ် ဖြစ်သည်။
ဒဏ်ရာရရှိသွားသူမှာ ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဦးဝင်းနိုင်စိုး (၄၇) နှစ် ဖြစ်ကြောင်း ပုဏ္ဏားကျွန်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်များအသင်းမှ ကိုဇော်ဇော်က ပြောသည်။
သေဆုံးသူ အလောင်းနှင့် ဒဏ်ရာရသွားသူအား ယနေ့ နေ့လယ် ၁၂ ခွဲခန့်က ပုဏ္ဏားကျွန်းဆေးရုံကြီးသို့ ယူဆောင်လာခဲ့ကြောင်းလည်း ကိုဇော်ဇော်က ဆက်ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာမှာ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့ အထွက်၌ တည်ရှိသည့် ကင်းချောင်းတံတားအနီးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံရွှေကျော်က ပြောသည်။

https://www.facebook.com/narinjara.info/posts/3285660958112625?__cft__[0]=AZVwdhslKyA0i52qb8pAuJ3IzuqWVBxxslp9IaM25uu4FvXJ-l5Wy9ooeXY2APwDDpRX0pz7dTyHhPtT8HPfJYSAdaqMtySs-sJM6QO_ing1noIwAPZBLOPMoKoXHvhCj3uF5gPZDXM5oIGROEIf7bYU4t0Chhcyt0WpGIvKOzjhMw&__tn__=%2CO%2CP-R

No comments:

Post a Comment