Monday, June 29, 2020

ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သားတစ်ဦး ယနေ့ နံနက်ပိုင်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာမှ အသက် ၅၄ နှစ်အရွယ် ဦးစောထွန်းသည် သူ၏ အမျိုးသမီးကို သွားရောက်ခေါ်ဆောင်ရန် ကြာညိုကန်ရွာသို့ စက်လှေဖြင့် သွားရောက်စဉ် နံနက် ၉ နာရီခန့်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် အလောင်းသည် လှေနှင့်အတူ မျောပါလာစဉ် ဆယ်ယူ ရရှိပြီး သေဆုံးကြောင်း အတည်ပြုကာ မွန်းလွဲပိုင်းတွင် သဂြိုလ်လိုက်ကြောင်း နတ်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။

" လှေပေါ်မှာပဲ သူ့အလောင်းကို တွေ့တာ။ ရေထဲ မျောနေတာပေါ့။ သူက AA လည်းမဟုတ်ဘူး။ သူ့မိန်းမ သွားခေါ်ရင်းနဲ့ အပစ်ခံရတာ" ဟု နတ်တောင်ကျေးရွာသား ကိုနိုင်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

Photo Credit - Ven Jota


No comments:

Post a Comment