Saturday, June 27, 2020

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျ၍ ၁၁ လသားအရွယ် ကလေးတစ်ဦးသေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ၁၁ လသား အရွယ်ကလေးတစ်ဦးသေဆုံးသွားပြီး ကလေး၏ ဖခင်ဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ပြိုင်းတောင် (ဇင်းခါမ) ကျေးရွာ အုပ်စု၊ အဇာလာရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီအချိန်တွင် ဦးမာမတ်အီနုစ် (ဘ) ဦးဒေါလိလ်အူရာမန် (အသက် ၂၇ နှစ်) သည် ၁၁ လအရွယ်သားငယ်ကို ချီ၍ ၎င်း၏နေအိမ်ထဲတွင် ထိုင်နေစဉ် ရုတ်တရက် လက်နက်ကြီးကျည်ဆံတစ်ခု ထိမှန်ပြီး ၁၁ လသားအရွယ် ကလေးငယ် မိုဟာမတ်နူးရ် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ဖြစ်ကြောင်း သိရှိရသည်။
"တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့တာလည်း မရှိဘူး။ ရုတ်တရက်လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့တာပါ"ဟု အဇာလာကျေးရွာသားတစ်ဦးကပြောသည်။
Zawgyi Font

https://www.facebook.com/khitthitnews/posts/949586845478662?__cft__[0]=AZV1_hq_kWsC2r__Xxo9LV7FFFKmzlq13zAljnKiy5urSoQEKIYxMpRLCYH12i6_VxmG6wwyccNXkT7vnhWSAQtWci2ZnAEHcChN7x3W55dtTkRjTutBO1y-uR4r7iwgwqkyMOq__vFhjKOr96KkTv3cbSg4-0urd9tERQzdzCGRSA&__tn__=%2CO%2CP-R

No comments:

Post a Comment