တပ်မတော်နှင့် အေအေတို့ကြား တိုက်ပွဲများပိုမိုပြင်းထန်လာသဖြင့် အရပ်သားများမထိခိုက်ရေး ကုလတောင်းဆို

အေအေနှင့် တပ်မတော်တို့ကြား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် တိုင်းရင်းသားမိသားစုတစ်စုကို ဘူးသီးတောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီက ခိုလှုံနေသည်ကိုတွေ့ရစဉ်။ အေအက်ဖ်ပီ
အေအက်ဖ်ပီ
ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(အေအေ)တို့ကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည့်အတွက် အရပ်သားများ ထိခိုက်မှုမရှိရေး အရေးတကြီးဆောင်ရွက်ပေးရန် ကုလသမဂ္ဂက ဇွန် ၂၈ ရက်တွင် တောင်းဆိုခဲ့သည်။
အေအေနှင့် တပ်မတော် သည် ယမန်နှစ် ဇန်နဝါရီကတည်းက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သားများစွာသေဆုံးခဲ့ပြီး ထောင်နှင့်ချီ နေရာရွှေ့ပြောင်းခဲ့ရသည်။ အရပ်သားများသေဆုံးမှုအတွက် နှစ်ဖက်စလုံးသည် တာဝန်ယူခြင်းမရှိဘဲ တစ်ဖက်နှင့်တစ်ဖက်အပြစ်ပုံချခဲ့ကြသည်။
ပဋိပက္ခဖြစ်ပွားနေသည့် ဒေသရှိ နေရာအများစုတွင် ကူးသန်းသွားလာမှုပိတ်ပင်ခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ရှိနေသဖြင့် အဖြစ်အပျက်များကို အတည်ပြုရန် ခက်ခဲနေသည်။
ရခိုင်ပြည်နယ်ရှိ ရသေ့တောင်မြို့နယ်၌ တပ်မတော်နှင့် အေအေတို့ကြား တိုက်ပွဲများပိုမိုဖြစ်ပွားလာမှုကြောင့် စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောသည်။ တိုက်ပွဲပိုမိုပြင်းထန်နေသည့်နေရာတွင် အရပ်သား ၁၀၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် နေရပ်စွန့်ခွာထွက်ပြေးသူနှင့် ပဋိပက္ခအတွင်းပိတ်မိနေသူများလည်းရှိနေကြောင်း ကုလကပြောသည်။
နှစ်ဖက်စလုံးသည် အရပ်သားများ ထိခိုက်မှုမရှိရေးအတွက် အရေးပေါ်ဆောင်ရွက်မှုများကို ပြုလုပ်ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဆိုင်ရာ
ဥပဒေများကို လေးစားလိုက်နာကာ တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေသည့် COVID-19 ကြောင့် အပစ်အခတ်ရပ်စဲရန်လိုအပ်ကြောင်း ကုလက ဆက်လက်တောင်းဆိုခဲ့သည်။
နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဖြစ်သောကြောင့် ကျေးရွာ ၄၀ ကျော်ရှိ အရပ်သားများ နေရပ်စွန့်ခွာရန် ဒေသဆိုင်ရာအာဏာပိုင်များက လွန်ခဲ့သောအပတ်တွင် ညွှန်ကြားခဲ့ပြီးနောက် ကုလက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအား နှိမ်နင်းမှုအတွင်း စစ်တပ်သည် နယ်မြေရှင်းလင်းရေး ဆိုသည့်အသုံးအနှုန်းကို သုံးစွဲခဲ့ဖူးသည်။
အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ၇၅၀ ၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ခဲ့သည်ဟု ပြောဆိုမှုများရှိခဲ့ပြီး အကျိုးဆက်အဖြစ် ကုလထိပ်တန်းတရားရုံး၌ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုရှိခဲ့သည်။
နေရပ်စွန့်ခွာရန် ညွှန်ကြားချက်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး အေအေတပ်ဖွဲ့ဝင်များကို မြေလှန်တိုက်ထုတ်ရန်အတွက် တပ်မတော်သည် ကျောက်တန်းကျေးရွာအပါအဝင် ကျေးရွာငါးရွာကိုသာ ပစ်မှတ်ထားခဲ့ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အေအက်ဖ်ပီသတင်းဌာနသို့ ဇွန် ၂၈ ရက်တွင်ပြောသည်။
"ဒါက နယ်မြေရှင်းလင်းရေးမဟုတ်ပါဘူး၊ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
သို့သော် စကားလုံးပြောင်းလဲသုံးစွဲမှုက ဒေသခံများအတွက် အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ချေ။ မိသားစုနှင့်အတူ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးဖြစ်ကြောင်း ကျောက်တန်းကျေးရွာမှ ဦးခိုင်ကျော်ကပြောသည်။
"မြို့နဲ့ ချောင်းဘက်ကနေ ရွာထဲကို လက်နက်ကြီးနဲ့ပစ်နေတာ၊ အကုန်ထွက်ပြေးကြရတာပဲ၊ စားဖို့သောက်ဖို့တောင် အခက်တွေ့နေပါပြီ" ဟု ဦးခိုင်ကျော်ကပြောသည်။

No comments:
Post a Comment