ဘောင်ဝရွာကို ဗုံးကြဲလို့ နေအိမ်၁၂အိမ်ပျက်စီး၊ ၂ဦး ဒါဏ်ရာရ
မတ် ၃၁--
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သဲမဝကျေးရွာအုပ်စု၊ ဘောင်ဝရွာကို ယနေ့မနက်ပိုင်း ၁၀နာရီခန့်က လေယာဥ်ဖြင့်ဗုံးကြဲချခြင်းကြောင့် လူနေအိမ် ၁၂အိမ်ပျက်စီးပြီး၊ ရွာသူ သားအမိနှစ်ဦး ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရွာသားများနှင့်တိုက်ရိုက်ဆက်သွယ်ရန်ခက်ခဲနေ၍ ပလက်ဝမြို့မှ တာဝန်ရှိသူ သတင်းရင်းမြစ်တစ်ဦးအား ဖြစ်စဥ်နှင့်ပက်သက်၍ မေးမြန်းရာတွင် ဘောင်ဝရွာထဲတွင် အေအေလက်နက်ကိုင်အဖွဲ့အခြေစိုက်နေထိုင်လာခြင်းကြောင့် ထိုကဲ့သို့ရှင်းလင်းခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
"ဒီမနက် ၁၀နာရီလောက်က စဖြစ်တာ။ သတင်းရတာတော့ ရွာထဲမှာ လက်နက်ကိုင်တွေတစ်လကြာလောက်အခြေချလို့ အခုလိုလုပ်တာလို့သိရတယ်။ ရွာကတော့ ချင်းတွေနေတဲ့ရွာပါ။ လူနှစ်ယောက် ဒါဏ်ရာရပြီး နေအိမ် ၁၂လုံးပျက်စီးသွားတယ်လို့သိရပါတယ်။ ဒါဏ်ရာရတဲ့သူနှစ်ယောက် ဆေးကုဖို့ပလက်ဝကိုလာဖို့ လမ်းခရီးအဆင်မပြေတဲ့အတွက် အောက်သဲမဝရွာကိုသွားပြီး ဆေးကုတယ်လို့သိရပါတယ်။ အဲဒီလောက်ပဲသိရသေးတယ်။ သူတို့တွေအတွက် အကူအညီလေးတွေရအောင် ရှာပေးကြပါဦး" ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ဘောင်ဝရွာသည် အိမ်ခြေ ၇၀ကျော်ရှိပြီး နေအိမ်ပျက်စီးသွားသူများအနေဖြင့် ရွာရှိနီးစပ်ရာ အိမ်များတွင် ခိုလံုနေကြလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ဒုက္ခသည်သာသာဘဝရောက်နေကြလို့ မကူညီနုိင်သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ပရဟိတလုပ်ဆောင်သူ ပလက်ဝမြို့ဒေသခံတစ်ဦးကလည်းပြောဆိုသည်။
ဒဏ်ရာရသူနှစ်ဦးမှာ ဒေါ်ခင်ပ (၄၅-နှစ်) နှင့် မလှဆွေ (၁၂-နှစ်)တို့ ဖြစ်သည်။
ထပ်မံဖြည့်စွက်ခြင်း -
"အေအေတွေရွာထဲမှာနေတာကြာပြီ။ တပ်မတော်ကလည်း ရွာသားတွေကိုရှောင်နေဖို့ အသိပေးထားတာကြာပြီ။ တစ်ချို့က ရွာကိုမစွန့်လွတ်နုိင်ကြလို့အခုလိုထိတာ ဖြစ်မယ်။ စကားနားမထောင်လို့ဖြစ်တာ" ဟု ခေတ္တအဝေးရောက် သဲမဝရွာသားတစ်ဦးက ခူမီးမီဒီယာသို့ ထပ်မံအတည်ပြုပြောဆိုသည်။
"အေအေတွေရွာထဲမှာနေတာကြာပြီ။ တပ်မတော်ကလည်း ရွာသားတွေကိုရှောင်နေဖို့ အသိပေးထားတာကြာပြီ။ တစ်ချို့က ရွာကိုမစွန့်လွတ်နုိင်ကြလို့အခုလိုထိတာ ဖြစ်မယ်။ စကားနားမထောင်လို့ဖြစ်တာ" ဟု ခေတ္တအဝေးရောက် သဲမဝရွာသားတစ်ဦးက ခူမီးမီဒီယာသို့ ထပ်မံအတည်ပြုပြောဆိုသည်။
https://www.facebook.com/khumimediagroup/photos/a.821740077870610/3108506019193993/?type=3&__xts__%5B0%5D=68.ARAinXTk51cp83S_Pgt6UXUkQVs-ljUXHaAs-mgb17wWFnC-Y88ra-KMMu9Oo7f1x-2FzvR2USuMEWyQ_YHD82XGGNHbC7mk9LEYFHdFcbpQXn-uhI1hZxFV5spbNhFIs9Ms3oMI9oKnPDVAmogxS9PanPXWANfn2SurnQ7e7OddTollavKFa8RzjMw15T3CBFv7f5rr_yKK-dTwCL8BK0gyZA90OAlgw_41FTYYomi1LLRNVGYKp6I5JmM0qNW-uLtfzmrfx5pcMk0Vy2wBv6l6g7jEWKacpRVq4yCYHsIws4C-u_rIaPDW7QNcvx6GA068JdW6a0d95e7ovgx0ScFnAw&__tn__=-R
No comments:
Post a Comment