Wednesday, April 1, 2020

မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ကို ပိုပြီးကန့်သတ်လာပြီလား

မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ကို ပိုပြီးကန့်သတ်လာပြီလား

အခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်သလို၊ အာမခံမရတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်တာတွေက သတင်းမီဒီ ယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာမျိုးလို့ ဦးကြီးမြင့်က ယူဆပါတယ်။ဓာတ်ပုံ မူပိုင်MPA
Image captionအခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်သလို၊ အာမခံမရတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်တာတွေက သတင်းမီဒီ ယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာမျိုးလို့ ဦးကြီးမြင့်က ယူဆပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံ သတင်းရဲတပ်ဖွဲ့နဲ့ စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်က သတင်း ထောက်တွေရဲ့ အိမ်တွေကိုဝင်ရှာတာ၊ စစ်မေးတာတွေကို အခုသုံးရက် အတွင်းမှာ ဆက်တိုက်လုပ် လာပါတယ်။
အဓိကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်အချို့နဲ့ ငြိစွန်းမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ဆေး၊ မေးမြန်း၊ ရှာဖွေနေတာလည်းဖြစ်ပါတယ်။
အခုလိုရှာဖွေစစ်ဆေးတာကလည်း ရက္ခိုင့်တပ်တော် အေအေနဲ့ ပက်သက်တဲ့သတင်းတွေကို အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းရေးသားခဲ့တာကြောင့်လို့ သိရပါတယ်။
VOM (Voice of Myanmar) သတင်းဌာနရဲ့ အယ်ဒီတာချုပ်လည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်တဲ့ ဦးနေမျိုးလင်းနဲ့ နရိဉ္ဇရာသတင်းဌာနရဲ့ အယ်ဒီ တာချုပ် ဦးခိုင်မြတ်ကျော်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့လို့ ပြစ်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချလို့ရမယ့် ပုဒ်မမျိုးတွေနဲ့ မတ်လအကုန်မှာ အမှုတွေဖွင့်ထားပါတယ်။
ကိုနေမျိုးလင်းကိုတော့ မတ်လ ၃၀ရက်က စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
နရိဉ္ဇရာသတင်းဌာနရဲ့အယ်ဒီတာချုပ်ကိုလည်း စစ်တွေမှာ အမှုဖွင့်ထားတဲ့အပြင် သူတို့ရုံးကိုလည်း လာရောက်ရှာဖွေတာတွေ လုပ်ပြီး ရုံးက သတင်းထောက် သုံးဦးကို မတ်လ ၃၁ရက်နေ့ ညနေပိုင်းမှာ ရဲစခန်းကိုခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ ညပိုင်းမှာတော့ အဲဒီသုံးယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာရဲ့ ရုံးခန်းတွေ၊ အဲဒီက အယ်ဒီတာတွေရဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့ကြတယ်လို့ ခေတ်သစ်မီဒီယာက ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုလို ဝင်အရှာခံရတဲ့ သတင်းဌာနတွေက ပြန်ကြားရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းမီဒီယာတိုက်တွေ ဖြစ်ပါတယ်။
Eleven သတင်းစာဆရာတွေ အမှု ဘယ်လို ရင်ဆိုင်မလဲ
အခုလိုတွေစပြီးမလုပ်ခင် မတ်လ ၂၃ ရက်နေ့မှာတော့ အေအေကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီနောက် ၂ရက်အကြာ မတ်လ ၂၅ ရက်နေ့မှာ သူတို့နဲ့ ဆက်နွှယ်တဲ့ ငွေကြေးပစ္စည်းတွေ၊ ရံပုံငွေတွေကို ထိန်းချုပ်တားမြစ်မယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန် ပါတယ်။
အဲဒီနောက်ပိုင်းတော့ မီဒီယာတိုက်တွေ၊ သတင်းသမားတွေကို စတင်စစ်ဆေးတာ၊ ဝင်ရောက်ရှာဖွေတာ တွေအပြင် အခုလိုဖမ်းဆီးတာတွေကို လုပ်ဆောင် လာတာဖြစ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဆိုတာကတော့ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ အနေနဲ့ ဦးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးက ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးဆောင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။
အဖွဲ့ရဲ့အတွင်းရေးမှူး တွေကတော့ ရဲချုပ်၊ သတင်းရဲတပ်ဖွဲ့မှူး နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှူး အစရှိတဲ့ ရဲတပ်ဖွဲ့ကအရာရှိကြီးတွေ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို ၂၀၁၆ခုနှစ်၊ သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာပါ။
မီဒီယာ အမှောင်ခေတ် ပြန်ရောက်နေပြီလား မေးခွန်းထုတ်ကြသူတွေရှိ
အခုလို မီဒီယာတွေကို အမှုဖွင့်တာ၊ ဝင်ရောက်ရှာဖွေနေတာတွေက တပ်မတော်ရဲ့ တစုံတရာ ညွှန်ကြားချက်ကြောင့် ဆောင်ရွက်နေတာလားလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဘီဘီစီက မေးမြန်တဲ့အခါ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဗဟို အဖွဲ့ ဖွဲ့စည်းပြီး တာဝန်ယူလုပ်နေတာဖြစ်ပြီး တပ်မတော်က သီးခြား ဆောင်ရွက်တာမျိုးမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအပေါ် အခြေခံပြီး ဖမ်းဆီးတာ၊ စစ်ဆေးတာ၊ အမှုဖွင့်တာတွေကို မလုပ်ဆောင်ခင်မှာ သက်ဆိုင်ရာ သတင်းမီဒီယာကောင်စီနဲ့ဦးစွာတွေ့ဆုံပြီး ညှိနှိုင်းသင့်တယ်လို့ သတင်းမီဒီယာကောင်စီဝင် ဒေါ်ဝေမာသိမ့်က ဘီဘီစီကို ပြောပါတယ်။
အဲဒီလို ညှိနှိုင်းဖို့ကိုလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေနဲ့ သတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံချိန်မှာ ကောင်စီကို ကတိပြုထား ပြီးလည်းဖြစ်ပါတယ်။
ဒါပေမယ့် အခုလို ဖမ်းဆီးတာ၊ ရှာဖွေတာတွေပြုလုပ်တဲ့အချိန်မှာတော့ ကောင်စီကို အကြောင်းတစုံတရာ အသိပေးတာ မရှိဘူးလို့ ဒေါ်ဝေမာသိမ့်က ပြောပါတယ်။
အခုလိုဖမ်းဆီးတာ၊ ရှာဖွေတာတွေပြုလုပ်တဲ့အချိန်မှာတော့ ကောင်စီကို အကြောင်းတစုံတရာ အသိပေးတာ မရှိဘူဓာတ်ပုံ မူပိုင်MPA
Image captionအခုလိုဖမ်းဆီးတာ၊ ရှာဖွေတာတွေပြုလုပ်တဲ့အချိန်မှာတော့ ကောင်စီကို အကြောင်းတစုံတရာ အသိပေးတာ မရှိဘူ
ဒါကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ကောင်စီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေ ကြိုးပမ်းနေတယ်လို့ သူကဆိုပါတယ်။
အမှုဖွင့်အရေးယူထားတဲ့ကိစ္စတွေတော့ ဥပဒေအရ ကောင်စီက ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေမယ့် အမှုဖွင့်တိုင်တန်း၊ အရေးယူထားတဲ့အဖွဲ့နဲ့ တွေ့ဆုံ ပြီး ဖြေရှင်းဖို့ ကောင်စီက ပြင်ဆင်တာတွေရှိတယ်လို့ သိရပါတယ်။
သတင်းမီဒီယာတွေအပေါ်ကို အခုလိုကြီးမားပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးတွေချမှတ်နိုင်တဲ့ ပြစ်မှုတွေနဲ့ အမှုဖွင့် တရားစွဲတာက ဥပဒေအရ တရားမျှတမှု မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကိုပြောပါတယ်။
အဲဒီလိုအမှုဖွင့်တာမျိုးကို မလုပ်သင့်ဘဲ ဦးစွာ သက်ဆိုင်ရာအဖွဲ့အစည်း သတင်းမီဒီယာကောင်စီနဲ့ ညှိနှိုင်း အသိပေးနိုင်ရေးကို ပြုလုပ်သင့်သလို၊ ညှိနှိုင်းမှုရှိပေမယ့်လည်း ကျင့်ဝတ်လိုက်နာမှုမရှိခဲ့ပါက ဥပဒေ ကြောင်းအရ အရေးယူတဲ့ ပုံစံမျိုးကိုသာ ကျင့်သုံးသင့်တယ်လို့ သူကပြောပါတယ်။
အခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်သလို၊ အာမခံမရတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်တာတွေက သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာ လို့ ဦးကြီးမြင့်က ယူဆပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ စစ်တမ်းတွေအရ ၂၀၁၇ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် စံနှုန်းတွေက တနှစ်ထက်တစ်နှစ် ကျဆင်းလာနေပါတယ်။
၂၀၁၉ ခုနှစ်မှာဆိုရင် ကမ္ဘာနိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၈ အထိရောက်ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကဆိုရင် အဆင့် ၁၃၁ အထိ သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ မြှင့်တက်ခဲ့ပါတယ်။

No comments:

Post a Comment