Tuesday, March 3, 2020

၀ ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး UWSA ကရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်

၀ ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး UWSA ကရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်

ဒီအစိုးရ လက်ထက်အတွင်း ၀ ဒေသကို ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်ဖို့ ၀ ဘက်က မျှော်လင့်နေဓာတ်ပုံ မူပိုင်MYANMAR STATE COUNSELLOR OFFICE
Image captionဒီအစိုးရ လက်ထက်အတွင်း ၀ ဒေသကို ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်ဖို့ ၀ ဘက်က မျှော်လင့်နေ
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ "ဝ"ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ဥက္ကဋ္ဌနဲ့ဗဟိုကော်မတီဝင်တွေဟာ ဝတပ်ဖွဲ့ ဗဟိုရုံးချုပ်ဖြစ်ရာ ပန်ခန်းမြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ဆုံခဲ့ကြတယ်လို့ ၀ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဘီဘီစီကိုပြောပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ဝဘက်က "ဝ"ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဒုတိယစစ်သေနာ ပတိ ချုပ် အပါအဝင် ဗဟိုကော်မတီဝင်တွေပါဝင်ခဲ့တယ်လို့သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ရွေးကောက်ပွဲ နီးလာပြီ ဖြစ်တဲ့ အတွက် ဝ ဒေသအတွင်းက မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် UWSA ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ပြောကြားသွားခဲ့တယ်လို့သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုတာတွေရှိနေပေမယ့်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့ ဆက်ဆွေးနွေးသွားရဦးမှာဖြစ်တယ်လို့ ၀ ဒေသပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကရှင်းပြပါတယ်။
' ' အခုကဆွေးနွေးနေတုံးကာလပေါ့နော်။ ဆွေးနွေးဖို့ ကျန်ပါသေးတယ်။ စီစဉ်ဖို့တော့ လိုပါသေးတယ်။ ဆွေးနွေးမှုရလာဒ်အရတော့ ၀ ဘက်ကတော့ ပူးပေါင်းဖို့ရှိပါတယ်။'' လို့ UWSA ဘက်ကသဘောထား အပေါ် ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဘီဘီစီကိုပြောပါတယ်။
ဒီလိုဆွေးနွေးရာမှာ ၀ ဘက်ကလည်း တောင်းဆိုချက် ၈ ချက်ကို ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျံက ပြန်လည်တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
'ဝ' ဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် ပွဲမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြ အခမ်းအနား
Image caption'ဝ' ဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် ပွဲမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြ အခမ်းအနား
၀ ဘက်ကတောင်းဆိုချက်တွေထဲ ဘယ်လိုအချက်တွေပါဝင်သလဲဆိုတာ ၀ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကိုမေးမြန်းရာမှာတော့
'' အစည်းအဝေးမှာ ကျွန်တော်လည်း မပါတော့ တောင်းဆိုချက်တွေက ဘာတွေလည်းဆိုတာကိုတော့ မသိပါဘူး။''လို့ ပြန်လည် ပြောဆိုပါတယ်။
ယခင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ၀ ဒေသအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပေမယ့်လည်း လက်ရှိတောင်းဆိုချက်တွေမသိရသေးပေမယ့် လည်းယခင်အခြေအနေတွေအရ လက်တွေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ရာ ဖြစ်နိုင်ခြေနည်းလှတယ်လို့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။
'' ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်တိုင်းကို သတ်မှတ်ထားတာ ၆ မြို့နယ်ပေါ့။ ၀ အောက်မှာ မြို့နယ် ၄ခုပေါ့။ ဒါပေမယ့် ၀ က သူ့ဧရိယာထဲမှာ သတ်မှတ်ထားတာက ပြည်နယ်ဖြစ်တယ်။ ပြည်နယ်တောင်းဆိုထားတာ။ အဲတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ပြည်နယ်တောင်းဆိုထားတဲ့တောင်းဆိုချက်ကို အစိုးရလက်ခံ နိုင်မလားဆိုတာရှိတယ်။ ၀ တပ်ဖွဲ့နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ။ ၀ က အခုချိန်ထိ အစိုးရနဲ့ နှစ်ဘက်သဘောတူစာချုပ် လက်မှတ်ထိုးထားတာကလွဲလို့ NCA ထိုးထားတာမရှိဘူး။ ဒီအခြေအနေ အောက်မှာ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းတွေများစွာရှိသေးတယ်''လို့ ဦးမောင် မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။
၀ဒေသမှာ ရွေးကောက်ပွဲကျင်းပရေး ဆွေးနွေးနေပေမယ့် ၀ တပ်ဖွဲ့ဟာ NCA မထိုးရသေးတဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးစရာတွေအများကြီးရှိနေသေး
Image caption၀ဒေသမှာ ရွေးကောက်ပွဲကျင်းပရေး ဆွေးနွေးနေပေမယ့် ၀ တပ်ဖွဲ့ဟာ NCA မထိုးရသေးတဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးစရာတွေအများကြီးရှိနေသေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ဆွေးနွေးရာမှာ ၀ တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်၄ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲပါဝင်ခွင့်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးချယ်ခွင့်၊ မဲပေးခွင့်စတဲ့ကိစ္စရပ်တွေကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ မြို့နယ် ၆ခုရှိရာ မြို့နယ် ၂ခုသာ အစိုးရ ထိန်းချုပ်မှုအောက်မှာရှိတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအရ မြို့နယ် ၄ခုအဖြစ် သတ်မှတ်ထားသော်လည်း ၀ တပ်ဖွဲ့ ထိန်းချုပ်မှုအောက်မှာ လူဦးရေ ၅သိန်းနီးပါး နေထိုင်တဲ့ ၀ ပြည်နယ်အဖြစ် ခရိုင် ၃ခုနဲ့ မြို့နယ် ၂ ခုအဖြစ် ဖွဲ့စည်း ထားတာဖြစ်တယ် လို့ လည်းသိရပါတယ်။
၀ ဘက်က ပြန်လည်ဆွေးနွေးခဲ့တဲ့အချက်တွေထဲမှာ လက်ရှိNLD အစိုးရလက်ထက်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဝ ကို လာရောက်လည်ပတ်နိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း ပြောဆိုခဲ့ကြောင်းသိရပါတယ်။

No comments:

Post a Comment