Tuesday, March 3, 2020

RCSS/SSA တောင်ပိုင်းနဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ကြား ရှမ်းပြည်တောင်ပိုင်း၊ မိုင်း ကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုဘက်မှာ မနေ့ကနဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေဆဲပါပဲ။ RCSS က NCA စာချုပ်ကို မလိုက်နာဘဲ နယ်မြေကျော်ဝင် တာကြောင့် တိုက်ပွဲဖြစ်တာလို့ တပ်မတော်ဘက်က စွပ်စွဲပြီး RCSS ဘက်ကတော့ နယ်မြေ တိတိကျကျ သတ်မှတ်ထားတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာ မနေ့ကနဲ့ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးနေတာပါ။
ဒီကနေ့မှာမိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရပြီး ဘယ်အဖွဲ့တွေ နဲ့ တိုက်ပွဲဖြစ်ပွါးတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန် ကပြောပါတယ်။
“၁၀ နာရီ ၄၀ လောက်ကဖြစ်တာ။ သိပ်တော့မကြာလိုက်ပါဘူး။ ၁၀ မိနစ်လောက်ပစ်ခတ်ပြီးမှ အသံပြန်တိတ်သွားတယ်။ ဗုံးသံ သေနတ်သံတော့ ဒီမှာအတိုင်းသားကြားနေရတယ်ပေါ့။ တပ်တွေဆုတ်ထားတယ်လို့ပြောတယ် ဒါပေမဲ့ အခုဖြစ်တာက ဘာနဲ့ ဘာနဲ့ဖြစ်မှန်းတောင်မသိဘူး။”
မနေ့က ဟမ်းငိုင်းကျေးရွာ အုပ်စု ကုန်းညောင် ဖာဆားကျေးရွာ ဘက်မှာ တိုက်ပွဲမဖြစ်ဘဲ မြန်မာစစ်တပ်ကနေ လက်နက်တွေနဲ့ ပစ်ခတ်တာလို့ RCS Sပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ ကပြောပါတယ်။
“ဟမ်းငိုင်းဘက်က မနေ့ကဖြစ်တာက တိုက်ပွဲမဟုတ်ဘူးခင်ဗျ။ ကျနော်တို့လူမရှိတော့ဘူး။ ဟမ်းငိုင်းရဲ့ မြောက်ဘက်မှာ လွိုင်တွမ်းတောင်ကြော ဆိုတာရှိတယ်။ အဲဒီတောင်ကြောကို ကျနော်တို့ကခွါပေးလိုက်တယ်။ ခွါပေးလိုက်တော့ တပ်မ တော်ဘက်ကတက်လာတယ်။ နောက် အဲဒီတောင်ကြောရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ရွာ ကုန်းညောင်ဖာဆားလို့ခေါ်တယ်။ တပ်မတော်ဘက်က ရွာထဲကို လက်နက်နဲ့ပစ်တယ်ဗျာ။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေ းအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။
“အဲဒီဘက်မှာ ကျနော်တို့ RCSSနဲ့ဖြစ်နေတာ ရှိတယ်။ ဒီမနက်ဖြစ်တာတော့ ကျနော်တို့လည်းမသိသေး ဘူး။ သူတို့ဘက် ကတော့ ဆုတ်သွားပြီးဆိုတာတော့ပြောတယ်။ သို့သော်လည်း လက်ရှိရှိနေသေးမို့လို့ ဖြစ်နေတာ ဖြစ်ပါလိမ့်မယ်။”
ဖေ ဖေါ်ဝါရီလ ၂၇ ရက် နေ့က မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ရှိ လွိုင်တွမ်း တောင်ေ ကြာမှာ မြန်မာစစ်တပ်နဲ့ တောင်ပိုင်းရှမ်းလက်နက်ကိုင် RCSS အဖွဲ့တို့ တိုက်ပွဲပြင်းထန် ခဲ့ပေမယ့် နောက်ပိုင်း ၂ ဘက် ညှိနှိုင်းမှု အရ RCSS ဘက်က တပ်ပြန်ဆုတ်ပေး ခဲ့ပါတယ်။
RCSS/SSA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီးသားအဖွဲ့ တ ခုဖြစ်ပေမဲ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲမကြာခန ဆိုသလိုဖြစ်ပွါးလေ့ရှိပြီး ဒီလို ဖြစ်ပွါးတာဟာ RCSS အနေနဲ့ NCA စာချုပ်ပါ အချက်ကို ချိုးဖေါက်တာလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“အဲဒီနယ်မြေအတွင်းမှာ RCSS/SSA အဖွဲ့တွေ နယ်မြေကျော်လွန်ဝင်ရောက်နေတာရှိရင် ဖယ်ပေးဖို့ ဆိုပြီး ကျနော်တို့ တရားဝင်အကြောင်းကြား ခဲ့တာ။ အဲဒီလို အကြောင်းကြားပြီးတော့ကျမှ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ကျမှ ကျနော်တို့ တပ်တွေ စပြီးတော့မှ လုံခြုံရေးဆောင်ရွက်တာဖြစ်တယ်။ နယ်မြေလည်း ကျော်လွန် ဝင်ရောက်နေ သေးတယ်။ ကျနော်တို့ လည်း ၅ ရက်လောက် ကြိုတင်အကြောင်းကြားတယ်။ အဲဒီအကြောင်းကြားတာကို အခွင့်ကောင်း ယူပြီး သူတို့ကနေ စတင် ပစ်ခတ်တယ်။ ကျနော်ပြောချင်တာ ကတော့ သူတို့အနေကတော့ NCA စာချုပ်ရဲ့နောက်ဆက်တွဲ မှာရှိတဲ့ နှစ်ဘက်တပ် တွေ လိုက်နာရမဲ့ ကျင့်ဝတ်တွေရှိတယ်။ NCA စာချုပ်တွေ ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ သဘောတူညီထားတဲ့ bilateral တွေ နယ်မြေတွေ လိုက်နာဖို့လိုတယ်လို့ ပြောချင်တယ်။”
RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ ကတော့ သူတို့အဖွဲ့က နယ်မြေကျော်လွန် ဝင်ရောက်တာ မဟုတ်သလို ၂ ဘက် ကြား နယ်မြေနယ်နမိတ် တိတိကျကျ သတ်မှတ်တာ မရှိဘူးလို့ ပြောပါတယ်။
“NCA ကျတော့ သူက အပစ်ခတ်ရပ်စဲရေးလုပ်မယ်။ အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်မယ်။ နောက် နိုင်ငံရေးဆွေးနွေး မယ်။ အဲတာပဲလေ။ အဓိက ကျတော့ တိုက်ပွဲဖြစ်တယ် ဆိုတာက စွပ်စွဲချက်လည်း ပါတာပေါ့။ နယ်မြေ သူ့နယ်မြေ ကိုယ့် နယ်မြေ နယ်မြေသတ်မှတ်ချက် စီမံကိန်း ရှိမရှိ မချရသေးလို့ပေါ့နော။ ပြီးတော့ လွိုင်တွမ်းေ တာင်ကြော တလျှောက်မှာ ကျနော်တို့ရှိထားတာက ဟိုး NCA မထိုးခင် ကတည်းက ကျနော်တို့ရှိထား တာလေ။ ကျနော်တို့နယ်မြေကျော် လွန်ရအောင် သူတို့က နယ်မြေ သတ်မှတ်မှုက မရှိသေး ခုထိက။ သဘောတူညီမှုက မရှိသေးဘူး။”
ခုရက်ပိုင်းအတွင်း စစ်ရေး တင်းမာမှုကြောင့် မိုင်းကိုင်မြို့နယ်နဲ့ ကျေးသီးမြို့နယ် အတွင်း စစ်ရှောင်ဦးရေ ၃၀၀ ကျော် ရှိနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန်ကပြောပါတယ်။
“ကျေးသီးဘက်မှာလည်း စစ်ရှောင်တွေ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ။ ၁၀၀ ကျော်ကျော်လောက်ရှိတယ်။ ၂၉ ရက် မှာတော့ စစ်ရှောင် ၅၀၀ ကျော် ၆၀၀ လောက် ရှိတယ်။ အခုပြန်လျော့သွားပြီး။ ဟမ်းငိုင်းရွာ ဘုန်းကြီးကျောင်းမှာ အခု ၂၀၀ ကျော် ပြန်ဖြစ် လာတယ်ပေါ့နော်။ ၃၀၀၊ ၄၀၀ အဲဒီဝန်းကျင်တော့ ရှိမယ်ထင်တာပဲ။”
လက်ရှိကျေးသီး- မိုင်းနောင် ကားလမ်းကိုလည်း မနေ့ကစပြီး တပ်မတော်ကနေ လုံခြုံရေးအရ ပိတ်ပင်ထားပါတယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ဟာဒေသတချို့မှာ မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment