Tuesday, March 3, 2020

မြောက်ဦးတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၁၁ ဦးထိရှိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေရွာအနီး တိုက်ပွဲအပြီးတွင် မတ် ၃ ရက်အထိ သေဆုံးသူ ၁၁ ဦး ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ  အထွေ ထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ထံမှ သိရသည်။

 
''မနေ့က လူသေအလောင်း သုံး လောင်းထပ်တွေ့တယ်။ သွေးလန့်ပြီး သေတာအဘိုးတစ်ဦး၊ အမျိုးသမီးတစ်ဦး နှလုံးရောဂါနဲ့သေတာ ဒီနေ့ထိဆို ၁၁ ဦးရှိပြီ။ အခုနောက်ပိုင်းတိုက်ပွဲက ပိုပြင်းထန်လာတယ်''ဟု ကိုဇော်ဇော် ထွန်းက မြန်မာတိုင်းမ်သို့ပြောသည်။
မတ် ၂ ရက်က ရှမ်းတောင်ရွာအနီး တံတားအောက်တွင် အလောင်းသုံး လောင်းထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ သေဆုံးသူ ၁၁ဦး၊ ပျောက်ဆုံးသူ ၁၃ဦး နှင့် ဒဏ်ရာရရှိသူ ၁၈ ဦးရှိကြောင်း REC က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်တွင် မြောက်ဦးမြို့ မြောင်း ဘွေးရွာအနီး၌ ဖေဖော်ဝါရီ ၂၉ ရက် က  တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်လူဦးရေ တစ်သိန်းနှစ်သောင်း ကျော်အထိ မြင့်တက်လာပြီးဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး (REC) က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်း ပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့်ပေါက်တော မြို့နယ် ၁ဝ ခုတွင် စစ်ရှောင် တစ်သိန်း ကျော်ခိုလှုံနေရကြောင်း ထုတ်ပြန်ထား သည်။
တပ်မတော်နှင့် AA တို့ တစ်နှစ်ကျော် တိုက်ပွဲများကြားတွင်   ကျေးရွာ ၁၇ ရွာမှ နေအိမ် ၁၈ဝ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ကြောင်း REC အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော် ထွန်းက ပြောသည်။ 

No comments:

Post a Comment