"ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်း၊ တရားမဝင်လို့ ကြေညာနေတာတွေက တစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးပစ်တယ်"
By ခိုင်လင်းစံ (VOM)
အစိုးရကနေ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌခွင့်ပြုချက်နဲ့ အေအေ အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အုပ်စုအဖြစ် ကြေညှာတာနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
VOM။ ။ အေအေအဖွဲ့ကို အစိုးရကနေပြီးတော့ အကြမ်းဖက်အဖွဲ့ အုပ်စုဆိုပြီး ထုတ်ပြန်ထားတာရှိတယ်ဆိုတော့ ဒီအပေါ်မှာ အေအေပြောခွင့်ရသူတစ်ယောက်အနေနဲ့ ဘယ်လိုသဘောရလဲ ခင်ဗျား။
ခိုင်သုခ။ ။ အဲဒါကတော့ အစိုးရဘက်က ကျနော်တို့ကို ဘယ်လိုပဲ သဘောထားထား အဓိကတော့ ရခိုင်ပြည်သူလူထု ထောက်ခံမှုကအရေးကြီးတယ်။ ကျနော်တို့က တော်လှန်ရေးလုပ်ဖို့ဆိုပြီး အစိုးရနဲ့ တပ်မတော်ဆီမှာ မှတ်ပုံတင်ထားတာလည်း မဟုတ်ဘူး။ တော်လှန်ရေးလုပ်ကတည်းက မြန်မာအစိုးရရဲ့ခွင့်ပြုချက်နဲ့ လုပ်တာမှမဟုတ်တာ။ ကိုယ့်အလုပ်ကိုယ် ပြည်သူလူထုထောက်ခံမှုနဲ့ ကျနော်တို့အလုပ်လုပ်နေတာ။ အဲအတွက်နဲ့ သူတို့ဖက်က ဘယ်လို့ပဲထုတ်ပြန် ကြေညာကြေညာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အထွေအထူးပြောစရာမရှိဘူး။
ဒါပေမယ့် ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း (ULA/ AA) ကတော့ ဆက်ပြီးချီတက်သွားဖို့ပဲရှိတယ်။ နောက်တစ်ခုရှိတာက အစိုးရကနေပြီး ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်း၊ တရားမဝင်လို့ ကြေညာနေတာတွေက တစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးပစ်တယ်ဆိုပြီး သုံးသပ်လို့ရတယ်။ ဒီကြေညာချက်ကို ခြုံပြီးကြည့်မယ်ဆိုရင် အစိုးရကနေပြီး ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအပေါ်မှာ နိုင်ငံရေးအရ တရားမျှတမှုရှိရှိနဲ့ ဖြေရှင်းဖို့မူဝါဒ လုံးဝမရှိဘူးဆိုတာ ဖော်ပြနေတာပဲဖြစ်တယ်။ နောက်တစ်ဖက်မှာလည်း သူတို့ဘက်ကနေ အင်အားသုံးပြီးဖြေရှင်းသွားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။
ဒါပေမယ့် ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း (ULA/ AA) ကတော့ ဆက်ပြီးချီတက်သွားဖို့ပဲရှိတယ်။ နောက်တစ်ခုရှိတာက အစိုးရကနေပြီး ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်း၊ တရားမဝင်လို့ ကြေညာနေတာတွေက တစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးပစ်တယ်ဆိုပြီး သုံးသပ်လို့ရတယ်။ ဒီကြေညာချက်ကို ခြုံပြီးကြည့်မယ်ဆိုရင် အစိုးရကနေပြီး ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအပေါ်မှာ နိုင်ငံရေးအရ တရားမျှတမှုရှိရှိနဲ့ ဖြေရှင်းဖို့မူဝါဒ လုံးဝမရှိဘူးဆိုတာ ဖော်ပြနေတာပဲဖြစ်တယ်။ နောက်တစ်ဖက်မှာလည်း သူတို့ဘက်ကနေ အင်အားသုံးပြီးဖြေရှင်းသွားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။
VOM။ ။ ပြီးတော့ မြောက်ပိုင်းဒီ အေအေရဲ့ မဟာမိတ်တွေကလည်း အေအေမပါလို့ရှိရင် ပဏာမအပစ်အခတ်ရပ်ဆိုင်းရေး ( Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် ဆွေးနွေးပွဲတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီးပြောတယ်၊ ဒီအပေါ်မှာ အေအေပြောခွင့်ရသူ တစ်ယောက်အနေနဲ့ ဘယ်လိုသဘောရလဲ။
ခိုင်သုခ။ ။ Bilateral ကိစ္စကတော့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အားလုံးမပါဘူးဆိုရင် လက်မှတ်ထိုးဖို့အစီအစဉ် မရှိဘူး။ အစိုးရကနေပြီးတော့ ကျနော်တို့ကို အကြမ်းဖက်အဖွဲ့ဆိုပြီးထုတ်ပြန်လိုက်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရက ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ နောက်ပြီးတော့ တပ်မတော်ကလည်း သူတို့ကိုယ်တိုင် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတဲ့ တပ်မတော်ကို နိုင်ငံတကာအသိုင်းအဝိုင်း ICJ ကနေပြီးတော့ တရားစွဲထားလို့ တရားရင်ဆိုင်နေရတယ်။ နိုင်ငံတကာမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရတဲ့သူက ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာတာကတော့ မြန်မာစကားပုံမှာလည်းရှိပါတယ်။
VOM။ ။ အခုလိုမျိုးအစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်လို့သတ်မှတ် ကြေညာလိုက်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စက ဘယ်လိုသဘောဆောင်သွားလဲခင်ဗျား။
ခိုင်သုခ။ ။ ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားတဲ့ အဓိပ္ပါယ်သက်ရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အားလုံး လက်ရှိကြိုးစားနေတဲ့ Bilateral ကိစ္စကတော့ ကျနော်တို့အေအေအဖွဲ့ကို အစိုးရက အခုလိုကြေညာလိုက်တဲ့အတွက် ရပ်တန့်သွားပြီလို့ ပြောလို့ရတယ်။
https://www.facebook.com/khitthitnews/photos/a.386800725090613/882816648822349/?type=3&__xts__%5B0%5D=68.ARBZxtC5XuD5PXDiyhxfseFO_6ac5u3EMcs_MH-MJYR2aUlqaWviD-ZFK_PkNvRl-w7vjQ-IAzAuWCnGXKetCeftoah-K4sbf-uwd9Gr3NiCITk10CthiUn_s4wRe_HGrmXFeG2J-_8Syn1rythawJ6J334xBkaCJnNhmCFuixPudXqnjIBaNi7stncEVrLFTXbXseG3-o3MgnUKe6Rwm9YbSU4dh0QQlnCoFOIFLEV1fIYFvuvQrwhVD_Z7GgJqofN552_igUKZfHtEb6rXj1Y1WhWsOEh68YuSOuJi5gBxuZs_84OjY1HVELQHiF-2vkRgbMr91tGOauiYkCgajmQ&__tn__=-R
No comments:
Post a Comment