Monday, March 2, 2020

ကျေးသီးမြို့နယ် စစ်ရှောင် ၂၆၀ ကျော် လက်ရှိ အချိန်ထိ နေရပ်မပြန်သေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော် ၃ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် သျှမ်းပြည် တောင်ပိုင်း ကျေးသီးတွင် စစ်ဘေးရှောင် ၂၆၀ ကျော် ရောက်လာကြောင်း သတင်းရရှိသည်။

89014049_508481633416293_6629090178071789568_n
Photo by စိုင်းစံမိဏ်း၊ ကျေးသီးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူမျာ
ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာ အုပ်စု ဖတ်နမ်ရွာ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲကြောင့်စစ်ရှောင် ၁၀၇ ဦး နှင့် နီးစပ်ရာ ဆွေမျိုးအိမ်တွင် ၁၆၀ ခန့် တိမ်းရှောင်နေရကြောင်း ကျေးသီးမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိဏ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။
88302166_231608061342740_6405494592958889984_n
Photo by စိုင်းစံမိဏ်း၊ ကျေးသီးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူမျာ
လက်ရှိ မှာ စစ်ရှောင်များသည် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်ပွားသည့် ၃ရက် ကာလအတွင်း ထွက်ပြေးလာသည့်အတွက် စားနပ်ရိက္ခာ မခက်ခဲသေးကြောင်း၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များမှလည်း အစားအစာများ သွားရောက်လှူဒါန်းထားကြောင်း စိုင်းစံမိဏ်း ကဆိုသည်။
“ လော လောဆယ်တော့ ဒီမှာ ဘာအခက်အခဲမှ မရှိသေးဘူး။ ရက်ကြာရင်တော့ ဖြစ်လာနိုင်တယ်။ အခု တော့ တိုက်ပွဲတွေ ငြိမ်တော့ အိမ်ပြန်ကြမယ်” ဟု စိုင်းစံမိဏ်း ကပြောသည်။
ယနေ့ မတ် ၂ရက် မနက်ပိုင်းထိ ကျေးသီးမြို့ နယ် အတွင်း ထွက်ပြေးလာသည့် စစ်ရှောင်များ နေရပ်မပြန်ကြသေးပေ။
88237129_1244803579058704_1356128128346357760_n
Photo by စိုင်းစံမိဏ်း၊ ကျေးသီးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူမျာ
“စစ်ရှောင်တွေကလည်း ပြန်ချင်နေပြီ” ဟု စိုင်းစံမိဏ်း ကဆိုသည်။
ယမန်နေ့ (မတ် ၁) ရက်နေ့တွင် RCSS/SSA တို့သည် ကျေးသီးမြို့နယ် နှင့် မိုင်းနောင် မြို့နယ် ကြား တွင် တိုက်ပွဲ ဖြစ်ပွားသေးကြောင်း သိရသည်။
RCSS/SSA နှင့် အစိုးရ တပ်မတော် တို့ ၃ရက်ကြားဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပွားသည် လွိုင်တွမ်းတောင်ကြော အရှေ့ဘက်တွင် ကျေးသီးမြို့နယ် ရှိပြီး အနောက်ဘက်တွင် မိုင်းကိုင်မြို့နယ် ရှိကြောင်း သိရသည်။
ထိုတိုက်ပွဲအနီးပတ်ဝန်းကျင်ရှိ ဒေသခံများသည် နီးစပ်ရာ ကျေးသီးမြို့နယ် ရှိ ဘုန်းကြီးကျောင်းများ နှင့် မိုင်းကိုင် မြို့နယ် ဘုန်းကြီးကျောင်းသို့ ရှောင်ကြသည်။

မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများ အိမ်သို့ လာရောက် တိမ်းရှောင်သည့် ပြည်သူ ၅၀၀ နီးပါးသည် မတ် ၁ရက် တွင် မိမိနေရပ်သို့ပြန်သွားကြောင်းသိရသည်။

No comments:

Post a Comment