မြန်မာအစိုးရက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ လှူဒါန်း

မြန်မာအစိုးရက ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၂၀၀ လှူဒါန်းပွဲကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၄၊ ကနောင်မင်းသားကြီးလမ်း အမှတ် ၇၀ မှာ ပြုလုပ်ခဲ့ပါတယ်။
စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဆန်တန်ချိန် ၂၀၀ နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ပေးအပ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဖေဖော်ဝါရီ ၄ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံပြီး ဆန်တန်ချိန် ၂၀၀ လှူဒါန်းမယ်လို့ ပြောကြားထားတာပါ။
မြန်မာအစိုးရက လှူဒါန်းတဲ့ ဆန်တွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်နဲ့ ဆေးဝါးတွေ ပြတ်လပ်မှု ဖြစ်နေတဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းအထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၉၈၂၆ ဦး၊ သေဆုံးသူ ၂၈၇၀ နဲ့ရောဂါ ပြန်လည်သက်သာပျောက်ကင်းသူ ၄၁၈၂၅ ဦး ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment