Thursday, March 26, 2020

AA ကို အကြမ်းဖက်မတရားအသင်းကြေညာမှု အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းပျောက်ပြီး နိုင်ငံရေးအရ အလွန်စိုးရိမ်စရာဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

AA ကို အကြမ်းဖက်မတရားအသင်းကြေညာမှု အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းပျောက်ပြီး နိုင်ငံရေးအရ အလွန်စိုးရိမ်စရာဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၆
ရခိုင်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် လည်းကောင်း၊ မတရားအသင်းအဖြစ်ကြေညာမှုသည် ငြိမ်းချမ်းရေး လမ်းစပျောက်ပြီး နိုင်ငံရေးအရ အလွန်စိုးရိမ်စရာဖြစ်ကြောင်း မဟာမိတ် ညီနောင် ၃ ဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
TNLA ပလောင်၊ MNDAA ကိုးကန့်၊ AA ရခိုင်အဖွဲ့ ၃ ခု ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် တပ်မတော်သည် ဗမာလူမျိုးကြီးဝါဒဖြင့် စစ်ရာဇဝတ်မှုများ ဖုံးကွယ်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး သည် ထိုးစစ်များကြောင့် လမ်းစ ပျောက်နေကြောင်း ၊ မြန်မာ့နိုင်ငံရေး လုံးဝ နောက်ပြန်ဆုတ်နေပြီး နိုင်ငံရေးအခြေအနေမှာလည်း အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါကြေညာချက်တွင်ပင် မူးယစ်ဆေးဝါးကိစ္စဖြင့် တော်လှန်ရေး လက်နက်ကိုင်များကို စွပ်စွဲမှုသည် မှားယွင်းသော ကောက်ချက်အမြင်များ ဖြစ်ပေါ်စေနိုင်ကြောင်း၊ AA ကို အကြမ်းဖက် မတရားအသင်း ကြေညာမှုကြောင့်၊ ရခိုင်၊ ပလက်ဝ၊ တအာင်း၊ ကိုးကန့် ဒေသတို့တွင် ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လမ်းစဉ် ထိခိုက်ပျက်ပြားစေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားမှတ်ချက်ရယူရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက ကြိုးစားနေဆဲဖြစ်သည်။
https://www.facebook.com/khitthitnews/photos/a.390633294707356/881434178960596/?type=3&__xts__%5B0%5D=68.ARBkR0LdFdX942dTCZUQA96ylA9DhREK2g98DsQdTA5NaE2H4K6Mb4h_9DqePFZQeOaIubm-VrH8DjMUTEGYJbdiuHzDwR1EAbkUFuPKdRblWGlegHPECsJUssmnBNch6SwYI09zldpwcZybZ01m7a-4kPw5jSdXY7Oj18bGXIVKQmz0Dwb1yxv4VxYgazNcWvgxhlmO0Q4ihtuLLumgJBgRxYNHpcG0_H29AUB8fWY4vdToXs92_7eqZvSkUi95bhMvBGZ4iTKru3PgGZwrM8_52C-flWx67zUiTsGz7HQL1lA9Z4qqRgIJF75ZATYvjuVuarQCqIHLK79HtEAEfLQ&__tn__=-R

No comments:

Post a Comment