ပလက်ဝသို့ စက်သုံးဆီနှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ကားတစ်စီးကို AA လက်နက်ကိုင်အဖွဲ့က မီးရှို့ခဲ့ဟု ပြည်နယ်ဝန်ကြီး ပြောကြား

ပလက်ဝသို့ စက်သုံးဆီနှင့် စားသောက် ကုန်များတင်ဆောင်လာသည့် ကားတစ်စီးကို ပလက်ဝမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် ဗဗ လက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် တွေ့ရှိခဲ့ပြီး မီးရှို့ ခဲ့သည်ဟု သိရသည်။
“ပခုက္ကူကနေ ဒီဇယ်အလုံး ၄၀၊အောက် တိန်းအလုံး ၄၀ နဲ့ ဆန်ဆီဆားငရုတ် ကြက် သွန် အားလုံးပေါ့။ အဲဒါက ကျွန်တော်တို့ မြန်မာပြည်နဲ့ အိန္ဒိယနဲ့ဖောက်တဲ့ ဇိုရမ်ပွီလမ်း ဆိုတာရှိတယ် ။ ပလက်ဝနဲ့ အိုက်ဇော(အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော်အမည်)ဘက် ကိုဖောက်တဲ့ဟာ။ အဲဒီစီမံကိန်းအတွက်ကို ဝယ်တဲ့ စက်သုံးဆီပါ ။ စစ်တွေ ကျောက်တော် ဘက်ကနေ ရေလမ်း ကြောင်းနဲ့သယ်လို့မရတဲ့ အတွက် ပခုက္ကူကို မှာပြီးသယ်တာမှာ ပလက် ၀ ရောက်ခါနီး မိုင် တိုင် ၁၂၀ ( ပလက်ဝ ရောက်ရန် ၁၅ မိုင်ခန့် အလို ) မှာ ဗဗ အဖွဲ့ တွေ တွေ့ရှိပြီးတော့ မီးရှို့လိုက်တာ။ အားလုံး ပေါင်း စက်သုံးဆီတွေပါတော့ အကုန် မီး လောင်သွားတယ်။ ကားအခွံပဲကျန်တော့ တယ်။ ဒီကနေ့ မနက် ၁၀ နာရီလောက်ကဖြစ် တာ။ ဖြစ်တာက ကားတစ်စီးတည်းပါ။ အိန္ဒိယဆိုက်အတွက် ကား တွေ၊ ယန္တရားတွေ သုံးဖို့နဲ့ သူတို့ဆိုက်ကလူ တွေစားသုံးဖို့အ တွက် ဝယ်တာပါ။ စစ်တွေကျောက်တော် ဘက်က တင်လို့ မရဘူးလေ။ ဒါ့ကြောင့် ပခုက္ကူက လှည့်ဝင်တာ။ အဲဒါ လမ်းမှာဒီလို ဖြစ်တာ” ဟုချင်းပြည်နယ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးစိုးထက်က ပြောကြားခဲ့ သည်။
ပလက်ဝမြို့နယ်အတွင်း စားနပ်ရိက္ခာ ရှားပါးလာပြီး စားနပ်ရိက္ခာ ပြတ်တောက် သည်အထိ မဖြစ်သေးဟုသိရသည်။
“ပလက်ဝမှာ အရင်ထက်စာရင် စားသုံး ကုန်တွေ ရှားပါးသွားတယ်။ ကုန်စျေးနှုန်းတွေ မြင့်သွားတာပေါ့။ ပုံမှန် သယ်ယူပို့ဆောင်ရေး စနစ်တွေပျက်ကုန်တော့ ပုံမှန်သယ်နေတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေက စစ် တွေ၊ ကျောက်တော်ဘက်ကနေ ပုံမှန်သယ် နေတော့ အဆင်ပြေတာပေါ့။ အခုလိုဆက် သွယ်ရေးတွေ ပြတ်တောက်သွားတော့ ဆန် လည်းတစ်အိတ်ကိုသုံးသောင်းခွဲ၊ လေး သောင်း။ လိုသလို တင်လို့မရဘူးဖြစ်နေ တယ်။ ရိက္ခာရှားပါးတဲ့ အခြေအနေပါ။ ကျွန် တော်တို့ကတော့ ပြည်သူလူထုနဲ့ဆက်စပ်တဲ့ စားဝတ်နေရေး၊ ပို့ဆောင်၊ သွားလာရေး။ ရေ လမ်းကုန်းလမ်း ပုံမှန်သွားနေရင် လူထုက ဒုက္ခ မရောက်ဘူး။ အခုဟာက လူထုကို တမင်ဒုက္ခရောက်နေအောင် လုပ်နေတာဖြစ် တယ်။ တော်လှန်ရေးလုပ်တာဘာမှ မပြော လိုဘူး။ တပ်နဲ့လက်နက်ကိုင် ဗဗ ဖြစ်တာက တော့ တွေ့ရင် ဖြစ်မှာပဲ။ ပြည်သူလူထုကိုဒုက္ခ ရောက်အောင်တော့ မလုပ်သင့်ဘူး။ စက် လှေနဲ့ ကားလိုင်းနဲ့သွားနေတာကတော့ ပုံမှန် သွားနေတာပဲလေ။ ကုန်စည်စီးဆင်းမှုကို နှောင့်ယှက်တာကတော့ မလုပ်သင့်တဲ့ကိစ္စ ပါ။ ဟိုတစ်လောကလည်း တိုက်ပွဲကြားမှာ စက်လှေထိသွားပြီး လူလေးယောက် ဒဏ်ရာ ရတယ်လို့ သိရပါတယ်” ဟု ဝန်ကြီး ဦးစိုး ထက်က ပြောကြားသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ များတွင်လည်းတစ်ရွာနှင့် တစ်ရွာအသွား အလာမရှိသလောက် နည်းပါးသွားပြီး စား နပ်ရိက္ခာမှာ လက်ကျန်တောင်ယာစပါးများ၊ လက်ကျန်ဆန်များ ရှိနေပြီး ရှားပါးသည့် အဆင့်ဖြစ်ကာ လုံးဝပြတ်သည့်အနေအထားမရှိသေးဟု သိရသည်။
“ပလက်ဝမြို့ပေါ်မှာ စားနပ်ရိက္ခာ အခြေအနေက ဆန်ကဝယ်ဖို့တော့မရှိဘူး။ ဆန်တစ်အိတ်ကို လေးသောင်း၊ သုံးသောင်း ဝန်းကျင်ခန့်ရှိတယ်။ ဓာတ်ဆီက အရင်က တစ်ဂါလန်ကို တစ်သောင်းခွဲလို့ ပြောနေကြ ပေမဲ့ မဟုတ်ပါဘူး ။ တစ်ဂါလန်ကို ၇၅၀၀ ကျပ်လောက်ရှိပါတယ်။ ဓာတ်ဆီက လော လောဆယ်အထိ ရှိသေးတယ်။ ဆန်က ပုံမှန် ရောင်းနေတဲ့ ဆန်ဆိုင်တွေမှာ မရှိတော့ဘူး။ တချို့စားဖို့ ဝယ်ထားတဲ့ တစ်ဦးနဲ့တစ်ဦး မျှ ဝေပေးကြတာပေါ့။ ရောင်းနေကျဆန်ဆိုင် တွေမှာတော့ မရှိတော့ဘူး။ တချို့ နေ့စားလုပ် တဲ့သူတွေတော့ တော်တော်ခက်တာပေါ့။ ဆန်ကို ဝယ်စားတာထက် တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးကြတာ။ စားနပ်ရိက္ခာ လုံးလုံးပြတ်လပ်သွားတယ်လို့တော့ ပြောဖို့ ခက်တယ်။ အဲဒီလိုတော့ မဖြစ်သေးဘူး။ ဓာတ်ဆီကားမီးလောင်နေတာကို တွေ့ရတဲ့ သူကပြောတယ်။ ပလက်ဝက ထွက်သွားတဲ့ တစ်ယောက်က ပြောတာ။ ဘာ့ကြောင့်ဆိုတာ ကျွန်တော်တို့ မသိဘူး။ စက်လှေလိုင်းတွေကဆင်းတာတစ်စင်းရှိတယ်။ သဲမဝရွာနားလေး မှာအပစ်ခံရတယ်ပြောတယ်။ ပလက်ဝက နေ ကျောက်တော်သွားတဲ့ စက်လှေပါ။ လေး ဦးဒဏ်ရာရတယ် ပြောပါတယ်။ စက်လှေ လိုင်းတွေကလည်း မသွားကြပါဘူး။ ကျေး ရွာတွေဘက်တော့ သွားသွားလာလာမရှိသ လောက် ဖြစ်နေတယ်။ ရွာတွေဘက်မှာ လက် နက်ကြီးကျည်ဆန်ကျတာတွေရှိတယ်။ မပေါက်ဘူးလို့ ပြောတယ်။ တစ်ရွာနဲ့ တစ်ရွာ မဖြစ်မနေကိစ္စမှ သွားကြတာများပါတယ်။ ပလက်ဝမြို့ပေါ်ကတော့ ၁၄၄ ထုတ်ထား တော့ ညနေ ၆ နာရီလောက်ဆိုရင် လူခြေ တိတ်သွားပြီ ။ အခုတော့ ဖုန်းဘေလ်ထည့်တဲ့ ကတ်တွေ ပလက်ဝမြို့ပေါ်မှာ ဝယ်မရတော့ ဘူး ။ အီးလုပ်နဲ့ထည့်တာတို့ သူငယ်ချင်း အ ချင်းချင်း လှမ်းထည့်ပေးတာတို့နဲ့ လုပ်နေရ တယ်” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးက ပြော ကြားသည်။
No comments:
Post a Comment