သတင်း
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ခေတ္တဆိုင်းငံ့ထားမည်
နေပြည်တော်က တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတခု / မျိုးမင်းစိုး / ဧရာဝတီ
29.6k
By ထက်နိုင်ဇော် 1 March 2020
Want create site? Find Free WordPress Themes and plugins.
အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အခြေအနေအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကြောင့် လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ခေတ္တ ဆိုင်းငံထားမည် ဖြစ်ကြောင်း သိရသည်။
“WHO နှင့် နိုင်ငံတကာမှ COVID – 19 ကူးစက်မြန် ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်မှသာ စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ရေး ဆက်လက် စီမံဆောင်ရွက်ရန် လျာထားသည်”ဟု တပ်မတော်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်နေ့ အခမ်းအနား ခေတ္တဆိုင်းငံ့သည်မှာ မှန်ကန်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အတည်ပြုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ယင်းရောဂါ လက္ခဏာရှိသူ မတွေ့ ရှိသေးသော်လည်း တောင်ကိုရီးယား၊ အီရန်နှင့် အီတလီနိုင်ငံတို့တွင် ရောဂါ ဖြစ်ပွားသူများ ရုတ်တရက် တပြိုက်နက် တွေ့ ရှိခဲ့ရသဖြင့် မြန်မာပြည်တွင်လည်း အလား တူ အခြေအနေမျိုး အချိန်၊ နေရာမရွေး လူအများသို့ ကူးစက်နိုင်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
တကမ္ဘာလုံးတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ယနေ့အထိ ၃၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ ၈၇၀၀၀ ကျော် ရှိနေပြီ ဖြစ်ရာ ရောဂါပိုး စတင်ခဲ့ရာ တရုတ်ပြည်တွင် သေဆုံးသူ ၃၀၀၀ နီးပါး ရှိနေပြီ ဖြစ်ကြောင်း လည်း သိရသည်။
https://burma.irrawaddy.com/news/2020/03/01/216835.html
No comments:
Post a Comment