Thursday, February 27, 2020

ရိုဟင်ဂျာအရေး မော်လဒိုက်က ဂမ်ဘီယာကိုအားဖြည့်၊ အမားလ်ကလူနီကို ရှေ့နေငှား

ရိုဟင်ဂျာအရေး မော်လဒိုက်က ဂမ်ဘီယာကိုအားဖြည့်၊ အမားလ်ကလူနီကို ရှေ့နေငှား


Amal Clooney participates in the Press Behind Bars: Undermining Justice and Democracy event during the 73rd session of the United Nations General Assembly in New York on September 28, 2018. (AFP)
 Thursday, February 27, 2020
အေအက်ဖ်ပီ
ကိုလံဘို_ ကမ္ဘာလှည့်ခရီးသွားများ၏အပန်းဖြေခရီးသွားနိုင်ငံ မော်လဒိုက်သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များအရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင်   နိုင်ငံ့ကိုယ်စားပြုအဖြစ် နာမည်ကြီး လူ့အခွင့်အရေးရှေ့နေ အမားလ်ကလူနီ ကို ငှားရမ်းထားသည်။
အိုင်စီဂျေတွင် ဂမ်ဘီယာ၏တရားစွဲမှု အောင်မြင်မှု ရရှိစေရန် တရားဝင်ပူးပေါင်းမည်ဖြစ်ကြောင်း မော်လဒိုက် အစိုးရက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
အိုင်စီဂျေကမြန်မာအပေါ် အရေးပေါ်စီမံချက်များ ချမှတ်ဆောင်ရွက်ရန် အမိန့်ချခဲ့သော်လည်း တရားစွဲဆိုမှုတစ်ခုလုံး အပြီးသတ်ရန် နှစ်ပေါင်းများစွာ အချိန်ယူဦး မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မတရားဖိနှိပ်ခံနေရသူများ၏ အခွင့်အရေးများ အာမခံချက်ရှိစေရန်နှင့် လက်ရှိတရားစွဲဆိုထားသော အမှုနှင့်ပတ်သက်သည့် အထောက်အထားများ မပျောက်ပျက်စေရန်အတွက် ကြားဖြတ်အရေးပေါ်စီမံချက်ချမှတ်ရန် အမိန့်ချလိုက်သည့် အိုင်စီဂျေဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း  မော်လဒိုက်အစိုးရက ပြောသည်။
“မြန်မာနိုင်ငံရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တာဝန်ယူသင့်တာ ကြာပါပြီ။ အခုလို ရိုဟင်ဂျာတွေ    အတွက် ဥပဒေလမ်းကြောင်းကနေ တရားမျှတမှုပြန်ယူပေးနိုင်ဖို့ အရေးပါတဲ့ ကြိုးပမ်းမှုမှာ ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါ   တယ်” ဟု ကလူနီက ပြောကြားခဲ့ကြောင်း မော်လဒိုက်အစိုးရက ကိုးကားပြောဆိုထားသည်။
အမားလ်ကလူနီသည် မော်လဒိုက်သမ္မတဟောင်း မစ္စတာ မိုဟမ္မဒ် နရှစ်ဒ်အတွက် တရားရင်ဆိုင်ပေး ခဲ့ရာတွင် ၂၀၁၅ခုနှစ်ကသူ့အပေါ် ချမှတ်ခဲ့သော ထောင်ဒဏ်၁၃နှစ်ကို ဥပဒေနှင့် မညီကြောင်း သတ်မှတ်ပေးသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်တစ်ရပ်ရရှိအောင်  အကျိုးဆောင်ပေးနိုင်ခဲ့သည်။
၂၀၁၈ခုနှစ်တွင်  သြဇာအာဏာထက်မြက်သည့် သမ္မတ မစ္စတာ အဗ္ဗဒူလ္လာ ယာမင်းန် ပြုတ်ကျသွားသည့် အ တွက် ဆွန်နီမွတ်စလင်မ်နိုင်ငံဖြစ်သည့် မော်လဒိုက်နိုင်ငံရှိ  သမ္မတဟောင်း နရှစ်ဒ်အပြင် အစိုးရနှင့် သဘောထားကွဲလွဲသူပေါင်း ၃၄၀,၀၀၀ ကို ပြစ်မှုကင်းရှင်းကြောင်း အတည်ပြုပေးခဲ့သည်။
နရှစ်ဒ်သည် လက်ရှိတွင် ကျောက်ခက်ကျွန်းဝိုင်းနိုင်ငံ မော်လဒိုက်၏ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သည်။

No comments:

Post a Comment