တောင်ကုတ်တွင် ရခိုင်ပြည်နယ်ဒုရဲမှူးလိုက်ပါသော ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်ထက်မနည်းဖြစ်ခဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်သို့ လာရောက်သည့် ရခိုင်ပြည်နယ် ဒုတိယရဲတပ်ဖွဲမှူး လိုက်ပါသော ရဲယာဉ်တန်းသည် ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ပွားပြီး လူထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ကားများ ထိခိုက်သွားခဲ့ကြောင်း တောင်ကုတ်မြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်ပြည်နယ် အစိုးရ စည်ပင်ဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမင်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ရခိုင်ပြည်နယ် ရဲ ဒုပြည်နယ်မှုးနင့် တောင်ကုတ်မြို့ နယ် ရဲမြို့ နယ်မှုး အပါအဝင် အင်အား ၁၅ ဦးပါဝင်သော ရဲကား(၂)စီးသည် တောင်ကုတ်မြို့ မှတောင်ကုတ်-မအီကားလမ်းအတိုင်းထွက်ခါလာရာ တောင်ကုတ်မြို့ နင့်(၁၄)မိုင်ခွဲအနီး ပေါက်ပြင်ကျေးရွာ၏ တစ်မိုင်နီးပါးခန့်အကွာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ၎င်းက ဆိုသည်။
"လူတွေ ထိခိုက်တာတော့မရှိဘူး။ ကား ၂စီးတော့ ထိသွားတယ်။ တောင်ကုတ်မှာက တိုက်ပွဲတွေ ဖြစ်တာတော့ မရှိဘူး။ ဒီဘက်ထိပါ မိုင်းဆွဲတိုက်ခိုက်မှုတွေ ကျယ်ပြန့်လာတာပေါ့" ဟု ဦးမင်းအောင်က ဆိုသည်။
အလားတူ တောင်ကုတ်မြို့နယ် တောင်ကုတ်-မအီကားလမ်းတွင် ကျောက်ဝေကျေးရွာလမ်းခွဲနားတစ်ကြိမ် l ရုံးကျေးရွာနင့် လယ်ဖါးကျေးရွာကြားတစ်ကြိမ် မိုင်းကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ထံသို့ မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာ အသေးစိတ် မပြောဆိုလိုကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
No comments:
Post a Comment