Saturday, February 29, 2020

မြောက်ဦးတွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခံရပြီးနောက် ပစ်ခတ်မှုဖြစ်ကာ အရပ်သား ၃ဦးသေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရ

မြောက်ဦးတွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခံရပြီးနောက် ပစ်ခတ်မှုဖြစ်ကာ အရပ်သား ၃ဦးသေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြောင်းဘွေကျေးရွာအုပ်စုအနီး ယနေ့နံနက်ပိုင်း ၇နာရီခန့်က မင်းပြားမြို့နယ်မှ မြောက်ဦးမြို့နယ်သို့ လာသည့် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်းကြောင့် အရပ်သား၃ဦးသေဆုံးပြီး ၁ဝဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောဆိုသည်။
ယနေ့ နံနက် လက်နက်ကြီးကျည်ကျ၍ သေဆုံးသူများမှာ ဘုတလုံး(မူဆလင်ကျေးရွာ)က မာမတ်ဟာရက်စ် အသက် (၁၈)နှစ်၊ မာမတ်ရောဟီး အသက် (၁၉)နှစ်တို့ဖြစ်ပြီး မောင်းဘွေရှည်ကျေးရွာမှ ဒေါ်ပိန်မ အသက် (၆ဝ)နှစ်သည် ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်သံကြားပြီး အမောဖောက် သေဆုံးခဲ့ကြောင်း၊ အခြားသော အရပ်သား ၁ဝဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောဆိုသည်။
“ တပ်မတော် ယာဉ်တန်းတစ်ခုက မင်းပြားမြို့နယ်ကနေ မြောက်ဦးမြို့နယ်ဖက်ကိုလာတယ်။ မြောင်းဘွေဆိုတဲ့ရွာနဲ့ ရွာတစ်ရွာကြားမှာ အဲဒီယာဉ်တန်းကမိုင်းဆွဲခံရတယ်။ မိုင်းဆွဲခံရတော့ တပ်မတော်က သူတို့ မသင်္ကာတဲ့နေရာကို ပစ်တဲ့အချိန်မှာ လူတစ်ချို့ဒဏ်ရာရတာ ရှိသလို တစ်ချို့အိမ်တွေလည်း မီးလောင်သွားတာရှိတယ်” ဟု ဦးထွန်းသာစိန်ကပြောဆိုသည်။

ထိုသို့ တပ်မတော်ပစ်ခတ်မှုများကြောင့် မြောင်ဘွေကျေးရွာ အရှေ့ပိုင်းရှိ ကျောင်းဆရာမ ဒေါ်သန်းသန်းအေးနေအိမ်အပါအဝင် နေအိမ်၄လုံးမီးလောက်ပျက်စီးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
“ လက်ရှိချိန်မှာတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ ဒါပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေကရွာထဲကို မဝင်ရဲဘူး။ ရွာသားတွေကတော့ ရွာထဲမှာပဲပုန်းနေတယ်” ဟု မြောင်းဘွေကျေးရွာသားတစ်ဦးကပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကိုရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။
ဓာတ်ပုံ- ၂၀၁၉ ခုနှစ် မေလ ၄ ရက်နေ့ ရန်ကုန်- စစ်တွေ ကားလမ်းမ ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသော တပ်မတော် စစ်ကားတစ်စီး။
https://www.facebook.com/khitthitnews/photos/a.386800725090613/862410394196308/?type=3&__xts__%5B0%5D=68.ARD2AvdPlIXevFOPrjMuFc7EgWF5uZ26iSGCEQZbusGYdikSMnhXlWoWtVZ4tT7U_ux4qmV_7QghRVPJDGKdXovEp_6hB-Qdt4LJt1A9wtL6lWRpDLHbbe21JlQ14WuUQMYF_pIekCl5-nBIeplgSFLaH35RiomYcM_vfYLR5tS9MAqCHG6NHE-X6nLFKXzCbvjmGkH6g0NsOTt9vysy0KGYw0VbnCF3AbKUls2lXQMYMTGljwdRiGkxq8g51GvoEQ3neCFlt7FqX3Ti_qTceL2IBeOR8BcvheOkdwXXAgDbmeWi4ND5_MSaikuOpKHhiVtBO_OBenbgwGeb9iuFqR0&__tn__=-R

No comments:

Post a Comment