ရခိုင်လူငယ်ညီလာခံAYC ဗဟိုကော်မတီဝင် ကိုလှကျော်အပါအဝင် ၄ ဦးကို တပ်မတော်က ဖမ်းဆီးထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ရခိုင်လူငယ်ညီလာခံAYC ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုလှကျော်အပါအဝင် ၄ ဦးကို တပ်မတော်က ပလက်ဝမြို့နယ် မီးဝကျေးရွာအနီး စက်လှေပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီက စက်လှေများဖြင့် သွားရောက်နေစဉ် တပ်မတော်က တားဆီးပြီး ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်ပါ ဆန်အိတ်များကိုလည်း သိမ်းဆည်းထားကြောင်း သိရှိရသည်။
"ကျနော်ပြောနိုင်တာက ကိုလှကျော်ကို ဒီနေ့ ညနေ ၃ နာရီလောက် ပလက်ဝမြို့နယ် မီးဝကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်ပြီးတော့ စက်လှေပေါ်ကနေ ဖမ်းသွားတာ။ ဆန်အိတ်တွေ စက်လှေပေါ်ပါတာလည်း သိမ်းဆည်းသွားတယ်။ စုစုပေါင်း ၄ ဦး ဖမ်းထားတယ်လို့သိရတယ်။ အခု ဆက်သွယ်လို့လည်းမရဘူး။ အသေးစိတ်တော့ မသိရသေးဘူး။ ဖမ်းတာက တပ်မတော်ဘက်က" ဟု AYC မှ ဗဟိုကော်မတီဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်းက ပလက်ဝမြို့နယ်၊ မီးဝကျေးရွာအနီးတွင် စက်လှေတစ်စီးလည်း အပစ်ခံရပြီး ၄ ဦးဒဏ်ရာရှိကာ ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်းသိရှိရသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်ဘက်သို့ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း မည်သူကမှ တာဝန်ခံဖြေဆိုခြင်းမရှိပေ။
https://www.facebook.com/khitthitnews/photos/a.386800725090613/861176884319659/?type=3&__xts__%5B0%5D=68.ARDORNPMd1M0xBBFTj0nLXV1qv8gHtX1dVbBsDzzJgXTHT5UTQ7HwZCP07f7YYx9nkFX9VT4gKt9i9qMnLmoUFDalJknDdYnJVn7b28Gi18zIyK4X8Ku2qVA5ctP2QVU2a-YARUyo6CQ1s0EIlvCQq866ztmgx-1M7JOgTvQqlKWtMNkoRVWU3BV8pvUG-4fQuuxg9zbVtRNbEansqe8bJ0bAzk8T7Opr_qES1T51qUxvEPy6m7HIMBU2mLarXUgsX7cX9VMBsOvrFzL_2adKl6BbLD7NWHZpX3hTR0BnhF3Z35Zmw0WteRWuw-hbGzmkW_IZOd0NifPKZoLU7cZnPo&__tn__=-R
No comments:
Post a Comment