AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ သိန်းတန်ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်မှုဖြစ်ပွား
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာ သို့ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သော ဘင်္ဂါလီ အမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက် သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသား များက ဝိုင်းဝန်းတားဆီးရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ၎င်း AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ပြန်လည် ထွက်ခွာ သွားပြီးနောက် ကျေးရွာအနီးသို့ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး ကျေးရွာအား ဝန်းရံ ပိတ်ဆို့ထားသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ် နေကြောင်း ၎င်းကျေးရွာရှိ ရပ်မိရပ်ဖများ က လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှင့် အနီးစပ်ဆုံးရှိသော တပ်မတော်စစ်ကြောင်း ထံသို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ရာ တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် အဆိုပါ အကူအညီတောင်းခံစာကို လက်ခံ ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကူအညီတောင်းခံစာ ရလျင်ရချင်း ၎င်းနေ့ ညပိုင်းတွင် စနစ်တကျစုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်စောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခြင်း ခံရသော သူများကိုလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်။ ထို့နောက်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာ နေထိုင်သူ များအား မေးမြန်းခဲ့ရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာ ဆယ်အိမ်မှူး ၄ ဦးအား ခေါ်ယူတွေ့ဆုံ၍ ကျေးရွာအနီး ၎င်းတို့ထောင်ထားသော ရီမုမိုင်း ၄ လုံးအား နေရာရွှေ့ထားသဖြင့် ၁ လုံးလျှင် ၁၀ သိန်းကျပ် ပေးလျော်ရန်ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူး များက မိမိတို့ရွာသားများ ပြုလုပ်ခြင်းမဟုတ်၍ မပေးလျော်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ထိုးကြိတ်ရိုက်နှက်ခဲ့မှုကြောင့် ဆယ်အိမ်မှူး များမှ ဖူးရောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ၎င်းနောက် သောင်းကျန်းသူ များက ပြန်လည်ထွက်ခွာသွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ထပ်မံရောက်ရှိလာကာ ဆယ်အိမ်မှူးတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများ အား အဓမ္မဆွဲခေါ်၍ မဖွယ်မရာမုဒိန်းကျင့်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုများကို ဘေးပတ်ဝန်းကျင် မှ ရွာသူရွာသားများက ဝင်ရောက်တားဆီးစဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၎င်းနေ့ညနေ ၆ နာရီခန့် တွင်လည်း AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်းနှင့် ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယခင်ကလည်း ကျေးရွာ အတွင်း နေထိုင်သူများထံမှ နွားများကို အတင်းအဓမ္ဓယူဆောင်ခြင်း၊ရိက္ခာများအတင်းအကြပ်စုဆောင်းခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
(Unicode Version)
AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ သိန်းတန် ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်မှုဖြစ်ပွား
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာ သို့ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သော ဘင်္ဂါလီ အမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက် သဖြင့် ကျေးရွာ အတွင်းရှိ ရွာသူရွာသား များက ဝိုင်းဝန်းတားဆီးရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ၎င်း AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ပြန်လည် ထွက်ခွာ သွားပြီးနောက် ကျေးရွာအနီးသို့ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး ကျေးရွာအား ဝန်းရံ ပိတ်ဆို့ထားသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ် နေကြောင်း ၎င်းကျေးရွာရှိ ရပ်မိရပ်ဖများ က လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် ကျေးရွာနှင့် အနီးစပ်ဆုံးရှိသော တပ်မတော်စစ်ကြောင်း ထံသို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ရာ တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် အဆိုပါ အကူအညီတောင်းခံစာကို လက်ခံ ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကူအညီတောင်းခံစာ ရလျင်ရချင်း ၎င်းနေ့ ညပိုင်းတွင် စနစ်တကျစုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်စောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခြင်း ခံရသော သူများကိုလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်။ ထို့နောက် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာ နေထိုင်သူ များအား မေးမြန်းခဲ့ရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာ ဆယ်အိမ်မှူး ၄ ဦးအား ခေါ်ယူတွေ့ဆုံ၍ ကျေးရွာအနီး ၎င်းတို့ထောင်ထားသော ရီမုမိုင်း ၄ လုံးအား နေရာရွှေ့ထားသဖြင့် ၁ လုံးလျှင် ၁၀ သိန်းကျပ် ပေးလျော်ရန်ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူး များက မိမိတို့ရွာသားများ ပြုလုပ်ခြင်းမဟုတ်၍ မပေးလျော်နိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ထိုးကြိတ်ရိုက်နှက်ခဲ့မှု ကြောင့် ဆယ်အိမ်မှူးများမှ ဖူးရောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ၎င်းနောက် သောင်းကျန်းသူ များက ပြန်လည်ထွက်ခွာသွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ထပ်မံရောက်ရှိလာကာ ဆယ်အိမ်မှူးတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများ အား အဓမ္မဆွဲခေါ်၍ မဖွယ်မရာမုဒိန်းကျင့်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုများကို ဘေးပတ်ဝန်းကျင် မှ ရွာသူရွာသားများက ဝင်ရောက်တားဆီးစဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၎င်းနေ့ညနေ ၆ နာရီခန့် တွင်လည်း AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်းနှင့် ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယခင်ကလည်း ကျေးရွာ အတွင်း နေထိုင်သူများထံမှ နွားများကို အတင်းအဓမ္ဓ ယူဆောင်ခြင်း၊ရိက္ခာများအတင်းအကြပ်စုဆောင်းခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
No comments:
Post a Comment