ရသေ့တောင်တွင် မိုင်းကွဲ၍ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ၊ တပ်မတော်မိုင်းဟု AA ပြောဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းပေါက်ကွဲပြီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ရခိုင်တပ်မတော် AA က သတင်းထုတ်ပြန်သည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၂) ရက်၊ နေ့လည် (၁)နာရီ(၄၅)မိနစ်အချိန်တွင် ရသေ့တောင်မြို့နယ်၊ င/စံဖော်ရွာ၊အနီးရှိ လယ်ကွင်းထဲတွင် မိုင်းထိ၍ ဦးသိန်းစိုးအောင်၊အသက်(၅၆) နှစ်သည် ခြေထောက်နှစ်ဖက်စလုံးမှာပေါင်လယ်မှပြတ်သွားပြီးသွေးထွက်လွန်ကာ ဆေးရုံသို့သွားသည့်လမ်းခုလတ်၌သေဆုံးခဲ့ကြောင်း၊ အခြား(၂) ဦးမှာလည်း မိုင်းဒဏ်ရာများရရှိခဲ့ကြောင်း AAက ထုတ်ပြန်သည်။
တပ်မတော်ဘက်ကမူ အဆိုပါ မိုင်းကွဲမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်း၊ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
https://www.facebook.com/khitthitnews/photos/a.386800725090613/842970519473629/?type=3&__xts__%5B0%5D=68.ARB85ZUE3_Sd6jP0L9IMAWvEmc3vd1ITMakyvL-DHWfzl7S2tbshlrdlX2cyFAJPM0rO_2zaNg7wMMaePgV2Wm5I7CRcRf6URrlD05VaicHc9kXuzrEWa-wb6VoNZaqNFswMwWTsif6y4Uk5Ab9qb5EP3qlmkJl9Gt3kvvlalvb8U_07ET13dm1v7SwueTRCpZdGdt3uiffXtUjGYVyyCIj1OuTkM9wwMpk6zRLS3kWBeDAp0BOKaPHPsJOnRDt1YN1678tp12KMkxKHw8TYyvm4plRBdMCdvNuY52D5NXZQwZnp9j8-_LAorg1_yh6wVdxw7iPlgw-qDcGYNMJEzIg&__tn__=-R
No comments:
Post a Comment