Friday, January 31, 2020

ကျောက်ဖြူကျေးရွာအနီး၌ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးတိုက်မိ ပေါက်ကွဲ၍ ပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

ကျောက်ဖြူကျေးရွာအနီး၌ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးတိုက်မိ ပေါက်ကွဲ၍ ပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ 
နေပြည်တော် ဇန်နဝါရီ ၃၁ 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်ကျောက်ဖြူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် မသင်္ကာဖွယ်ရာလူတစ်ဦးတွေ့ရှိသဖြင့် ခေါ်ယူမေးမြန်းခဲ့ရာ ကျောက်ဖြူကျေးရွာနေ ဦးကျော်လင်းဆိုသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအားလိုအပ်သည်များ ဆက်လက်မေးမြန်းနေစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများအရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး TNLA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့ထံမှ HK သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၃ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
ကျောက်ဖြူကျေးရွာနေ ဦးကျော်လင်းသည် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ထွက်ပြေးခဲ့သဖြင့် TNLA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့မှထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲ၍ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အဆိုပါမိုင်းထိလူနာအား တပ်မတော်စစ်ကြောင်းမှ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ တာဝန်ရှိသူများထံမှတစ်ဆင့် မိုင်းငေါ့တိုက်နယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့သည်။ 
အဆိုပါနယ်မြေတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
(Unicode Version)

Thursday, January 30, 2020

ရှမ်းမြောက်ဒေသ မိုင်းအန္တရာယ် ပိုမိုကြီးမားလာ

ရှမ်းမြောက်ဒေသ မိုင်းအန္တရာယ် ပိုမိုကြီးမားလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ယခုနှစ် ဇန္နဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့်ရှိ လာပြီး မြေမြုပ်မိုင်း အန္တရာယ်မှာ ယခုနှစ်အတွင်း ပိုမို စိုးရိမ်လာရသည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းမြောက်ဒေသခံများက ပြောသည်။
ထိခိုက်ဒဏ်ရာရသူ အများစုမှာ စစ်ရေးတင်းမာမှု ရှိသည့် ဒေသမှ ဒေသခံများဖြစ်သည်ဟု အိုမ်တမာဝ် လူမှုကူညီရေး အသင်း တာဝန်ခံက ပြောသည်။
“ဒီစစ်ဖြစ်တဲ့ နေရာ ပတ်ပတ်လည်မှာ ဆိုရင်တော့ ဒီရဲ့ ဒဏ်တွေ တော် တော် ခံ ရတယ်လို့ တွေ့ရတယ်။ တိုက်ပွဲဖြစ်တဲ့ တစ်ကြောတွေမှာ ဆိုရင် မိုင်းနင်းမိတဲ့ ရွာသားတွေ တော်တော်များတယ်။ အခု မနေ့ကထိတဲ့ နေရာဆိုရင်လည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်နေတယ်။ စစ်ရေးတင်းမာမှု ရှိတဲ့နေရာတွေ အဲဒီနေရာ တစ်ကြောတွေဆိုရင် သေချာတယ် ထိခိုက်ဒဏ်ရာ ရမှုတော့ တော် တော်များတယ်” ဟု ရှမ်းမြောက်အခြေစိုက် အိုမ်တမာဝ် လူမှုကူညီရေး အသင်းမှ ပြန်ကြားရေး တာဝန်ခံ မိုင်းဆမဲင်ရှိန်းက ပြောသည်။
ဇန္နဝါရီလ ၂၈ ရက် (ယမန်နေ့) က မြန်မာ့တပ်မတော်မှ လမ်းပြအဖြင့် ခေါ်ဆောင်သွားသည့် ဒေသခံ တစ်ဦးမှာ ကွင်းစလန်း ကျေးရွာအုပ်စုရှိ ကျောက်ဖြူ ကျေးရွာတွင် မိုင်းနင်းမိကာ ညာခြေထောက် ထိခိုက် ဒဏ်ရာရရှိခဲ့ သည့်အတွက် လားရှိုးပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းရှိ မိုင်းငေါ့မြို့နယ်ခွဲ ကွင်းစလန်း ကျေးရွာအနီး လက် ဖက်ခြံတွင် ထင်းရှာနေသည့် ဒေသခံ သားအမိ ၂ ဦးမှာလည်း မိုင်းနင်းမိကာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု အိုဝ်တမာဝ် လူမှုကူညီရေးအသင်းက ပြောသည်။
“မနေ့က မနက် ၁၀ နာရီ၁၅ မှာဖြစ်တာ ရွာနဲ့ တစ်နာရီလျှောက်ရတဲ့ နေရာပေါ့ သူတို့ လက်ဖက်ခြံမှာ နေတာကိုး အဲဒီလက်ဖက်ခြံကနေ သူတို့ ထင်းကောက်ဖို့ သွားတဲ့အချိန် သူတို့နေတဲ့ လက်ဖက်ခြံထိပ်မှာပဲ နင်းမိသွားတာ။”
ထိခိုက်ဒဏ်ရာ ရရှိထားသည့် သားအမိ ၂ ဦးကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် အခြေအနေနဲ့ ပတ်သက်၍ မိုင်းဆမဲင်ရှိန်းက ယခုလို ဆက်ပြောသည်။
“ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကတော့ ကလေးကတော့ နည်းနည်းလေးတော့ စိုးရိမ်ရတယ် သူကတော့ ခြေ ထောက် နှစ်ဖက်လုံးက အသားစတွေဆို ခြောက်လက်မလောက် တော်တော်လေးကွဲထွက်သွားတာမျိုး ရှိတယ် နောက်ထပ် ဒီဒူးခေါင်းမှာလည်း မိုင်းစလေးတွေ မှန်တယ် ပေါင်မှာလည်း မိုင်းစလေးတွေမှန်တယ် ပြီးတော့ ဒီအ ဆိုးဆုံးကတော့ ဒီညာဖက် ဂျိုင်းအောက်က နံရိုးထဲမှာ အဲဒီအဆံလေးတွေ ဝင်သွားတာ အဲဒါပို ခွဲစိတ်ရ တာ ပေါ့နော အဲဒါနည်းနည်း စိုးရိမ်ရတယ်။ ကလေးအမေ သူကတော့ ဒီခြေထောက် ညာဖက်ခြေ ထောက် ခြေသလုံးရယ် ပေါင်ရယ် ထိထားတောပေါ့နော သူက စိုးရိမ်စရာတော့ မရှိပါဘူး။”
ယခုလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူဦးရေ ပိုမိုများပြား လာနေသည်ဟု အိုမ်တမာဝ် လူမှုကူညီရေး အသင်းက ပြောသည်။
တစ်ဖက်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံများကို နစ်နာကြေးများအဖြစ် ထောက်ပံ့မှု တစ်စုံတစ်ရာသော်လည်းကောင်း၊ ကုသမှု ပုံစံမျိုး သော်လည်း ကောင်း၊ ပြန်လည် လုပ်ဆောင်ပေးစေလိုသည် ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက တောင်းဆိုသည်။
“တစ်နေ့ထက် တစ်နေ့ တစ်လထက်တစ်လက ပိုပိုပြီးတော့ များလာတဲ့ အနေအထား ဖြစ်နေတယ်ဆိုတော့ ကျမတို့က ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ခုနက ပြောသလိုမျိုး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေအတွက်လည်း တစ်ချို့တွေဆို လုံး၀ အလုပ်ပြန်မလုပ်နိုင်တဲ့ အနေအထားရှိတယ်။ အဲဒါတွေကို ပြန်ပြီးတော့မှ သူတို့ကုစားပေး မှု ပြန်ပြီးမှ သူတို့မိသားစုအတွက် တစ်စုံတစ်ရာ ပြန်လည်လုပ်ဆောင်ပေးမှုတွေ လုပ်စေချင်တယ်။”
ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ် နေသည့်အတွက် ဒေသခံများမှာ ၎င်းတို့၏ လက်ဖက်ခြံသို့ သွားရောက်ရာတွင် စိုးရိမ်မှုများ၊ကြောက်စိတ်များ ပိုမိုဖြစ်ပေါ်လာသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခအတွင်းရှိ ဒေသခံပြည်သူများမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ် ရာ ရရှိမှု ပိုမိုခံစားလာရသည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်များအနေဖြင့် ဒေသခံများ သွားလာ လှုပ်ရှား သည့် လမ်းများနှင့် လုပ်ကိုင်စားသောက်ရာ နေရာများတွင် မြေမြုပ်မိုင်း မထောင်ကြရန် ဒေသခံများမှ တောင်း ဆိုသည်။

မွန်ပြည်သစ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ တင်ပြခဲ့ဟု မွန်ပြည်သစ်ပြော

မွန်ပြည်သစ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ တင်ပြခဲ့ဟု မွန်ပြည်သစ်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
နိုင်ငံတော်၏ အတိုင်ပင်ခံနှင့်တွေ့ဆုံရာတွင် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ပိုင်ခွင့်ကိစ္စများ တင်ပြ ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။
ထို့အပြင် မွန်အမျိုးသားနေ့ကို အစိုးရရုံးပိတ်ရက် သတ်မှတ်ပေးရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီက NMSP က ပြောသည်။
ဇန္နဝါရီလ ၃၀ ရက် ယနေ့တွင် မွန်ပြည်သစ်ပါတီ NMSP နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီ NMSP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အာင်မငေး က “အဓိကကတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ တင်ပြထားတဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စကို အကောင်အထည် ဖော်မှု မှာ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပေးဖို့ရယ်။ နောက်စီးပွားရေးလုပ်ငန်းကို ကျနော်တို့တင်ပြ ထားတာ ရှိ တယ်လေ ဒါကိုလည်း ကူညီပံ့ပိုးပေးဖို့ရယ် ပြီးတော့ မွန်ပြည်နယ်မှာ ရှိတဲ့ အစိုးရ စာသင်ကျောင်းမှာ မွန်စာ ကို သင်ကြားပေးဖို့ ဒါခွင့်ပြုဖို့ရယ် နောက်တော့ မွန်အမျိုးသားနေ့မှာ တစ်ခြားတိုင်းရင်းသား ကရင်တိုင်းရင်းသား နည်းတူ ရုံးပိတ်ရက်တစ်ရက်ထားရှိဖို့ ဒါကိုလည်း ကျနော်တို့ တင်ပြကြတယ်။” ဟုပြောသည်။
အဆိုပါတွေ့ဆုံမှုအပြီး NRPC ၏ သတင်းထုတ်ပြန်ချက်ထဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံ သာက NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မူကို အပြည့်အဝထောက်ခံပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် ယုံကြည်မှုများစွာ မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီချက် မရရှိသေးသည့် ကိစ္စရပ်များကို ကျော်လွှားရန် လိုအပ်ကြောင်း ဆွေးနွေးသည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည် သစ်ပါတီက NCA လက်မှတ် ရေးထိုးပြီးနောက် လက်ရှိမြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တိုင်း ရင်းသားအရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ (၈)ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ် ချက်များနှင့်အညီ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မွန်ဘာသာသင်ကြားရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်များ၊ မိသား စုဝင်များ၏ စားဝတ်နေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်ဟု NRPC က ဆိုသည်။
ဒေသဖွံဖြိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ NMSP ဖက်က အချက် ၂ ချက်ကို လုပ်ဆောင် ပေးရန် အဓိကထား တောင်းဆိုခဲ့သည်ဟု နိုင်အောင်မငေး ကပြောသည်။
“အဓိကက ကျနော်တို့ တောင်းဆိုတာ ၂ ခုရှိတယ်လေ ဥပမာ ရေးကနေပြီးတော့ ဘုရားသုံးဆူလမ်း ပိုင်းမှာ ကျနော်တို့ ၄၇ မိုင်ရှိတယ်။ အဲဒါကို အခုက ၁၇ မိုင် ကျန်သေးတယ်ပေါ့နော ကတ္တရာခင်းဖို့ အဲဒါကို ကျနော်တို့က အမြန်ဆုံး ခင်းပေးဖို့ တောင်းဆိုထားတာ တစ်ခုရှိတယ်။ နောက်တော့ ဗဟိုကိုသွားတဲ့ ဌာနချုပ် သွားတဲ့ လမ်းမှာ ပေါ့ အဲဒါက ဒီဖလံချောင်းဝကနေပြီးတော့ ညီဆား ဖနာဘွန်ရွာ အထိက ၁၄ မိုင်ရှိတယ် အဲဒါကိုလည်း ကျောက်ခင်းလမ်းပဲ ပြီးသေးတယ် အဲဒါကိုလည်းအမြန်ဆုံးလုပ်ပေးဖို့ ကြားမှာ ရှိတဲ့တံ တားတွေကိုလည်း ဆက်သွယ် ရေးလမ်းကြောင်း ချောမွေ့ဖို့အတွက် ဒါ ကျနော်တို့ အဓိကထား ပြီး တောင်းဆို တယ်ခင်ဗျာ။”
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖက်ကလည်း အဆိုပါ လမ်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး ကိစ္စရပ်များအတွက် ပြည်နယ် အစိုးရနှင့် ပြန်လည်ဆက်သွယ် မေးမြန်းရန်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) နှင့် ပြည်လည် ညှိနိုင်းရန် ပြောကြားခဲ့သည်ဟု NMSP က ဆိုသည်။
တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ ဒု-ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒု-ဥက္ကဋ္ဌ(၂) ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒု-ဥက္ကဋ္ဌ(၃) ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ အတွင်းရေးမှူး ဒု-ဝန်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ကြသည်။
မွန်ပြည်သစ်ပါတီဘက်မှ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့် အတူ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်နှင့် စစ်ဦးစီးချုပ် နိုင်ဗညာမဲ့စန်း တို့ တက်ရောက်ခဲ့ ကြသည်။

Our declaration to free from Burma’s oppressions. Towards free Kachinland.

Our declaration to free from Burma’s oppressions. Towards free Kachinland.

https://www.facebook.com/KachinNationalOrganization/photos/a.1584880071525058/2977243788955339/?type=3&__xts__%5B0%5D=68.ARAmvaa1_uQOQemkJOom1aauvcQ9_OpA0ZB1prqF39JdjVd_uILfwS0jUziPqDCpuyxUAAX42B9yrNuiZ1epBGe6oMSMuBR_4r0Agf-4C9n4fWdEhokUIWdwX7qpfEChAFF3vM5l8Kqnngq_dNiR71LmmMJ4zO3LTZCnqSqCNpbblY9fehggEsDQRXw7lEsu7-SZGzdfSlS7-RCvH3xFwt7kLl6Kz0fWv8fZIKJxC-vpO3va6HtoqMYSRNTk2z5mJq8rbxyBQgDsbYQTi6a6Le_78WJgLWvGAOuZT7FHibqK-92q&__tn__=-R